ရန်ကုန်စတော့အိတ်ချိန်း(YSX) ရှိ Sd FMI အစုရှယ်ယာကုမ္ပဏီ၏ ရှယ်ယာေ ဈးနှုန်းမှာ ကျပ် ၅ဝဝ ကျခဲ့သော်လည်း ရှယ်ယာကျပ် ၂၈ သန်းကျော်ဖိုး အေ ရာင်းအဝယ်ဖြစ်ခဲ့ကြောင်းYSX ၏ ဇူလိုင် ၁၈ ရက် ထုတ်ပြန်ချက်အရ သိရ သည်။
''ဒီနေ့တော့FMI ကျပ် ၅ဝဝ၊ MCB က ကျပ် ၂ဝဝ ကျတယ်။ ကျန်တဲ့စတော့ ကုမ္ပဏီ တွေကတော့ ဈေးအနည်းငယ်တက်ခဲ့ပါတယ်FMI ရှယ်ယာတန်ဖိုး ကတော့ မနေ့ကထက် နှစ်ဆကျော် ရှယ်ယာအရောင်းအဝယ်ဖြစ် ခဲ့တယ် '' YSX မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
FMI စတော့ရှယ်ယာဈေးနှုန်းသည် ဇူလိုင် ၁၇ ရက်တွင် ရှယ်ယာဈေးနှုန်း ကျပ် ၁၅,၅ဝဝ ဖြင့် ရှယ်ယာတန်ဖိုး ကျပ် ၁၁ သန်းကျော် အရောင်းအဝယ်ြ ဖစ်ခဲ့ပြီး ဇူလိုင် ၁၈ ရက်တွင် ရှယ်ယာဈေးနှုန်း ကျပ် ၅ဝဝ ကျဆင်းခဲ့ကာ ရှယ် ယာဈေးနှုန်း ကျပ် ၁၅,ဝဝဝ ဖြင့် ရှယ်ယာ တန်ဖိုး ကျပ် ၂၈ သန်းကျော် အေ ရာင်းအဝယ် ဖြစ်ခဲ့သည်။
ရှစ်သန်းကျော်
FMI စတော့ရှယ် ယာဈေးနှုန်းသည် ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီ ဈေး ကွက်ပိတ် ချိန်တွင် ရှယ်ယာဈေးနှုန်း ကျပ် ၁၅,ဝဝဝ ဖြင့် ရှယ်ယာပမာဏ ၁,၃၂၇ စု၊ ရှယ်ယာတန်ဖိုး ကျပ် ၁၉ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ ပြီး မွန်းလွဲ ၁ နာရီ ဈေးကွက်ပိတ်ချိန်တွင် ရှယ်ယာဈေးနှုန်း ကျပ် ၁၅,ဝဝဝ ဖြင့် ရှယ်ယာ ပမာဏ ၅၄၃ စု၊ ရှယ်ယာတန်ဖိုးကျပ် ရှစ်သန်း ကျော် အရောင်းအ ဝယ်ဖြစ်ခဲ့သည်။
''ကျွန်တော်ကတော့YSX မှာFMIရှယ် ယာနဲ့၊ သီလဝါရှယ်ယာတွေပဲ ဝယ် ထားတယ်။ ကျန်တဲ့ စတော့ရှယ်ယာကုမ္ပဏီနှစ်ခုကိုတော့ မကြိုက်ဘူး၊ အေ ရာင်းအဝယ်ကလည်း မကောင်း ဘူးလေFMIနဲ့ သီလဝါကတော့ ပုံမှန်အေ ရာင်း အဝယ်ဖြစ်ကြတယ်'' ဟု ရှယ်ယာပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးမောင်မြင့် က ပြောဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်းသည် FMI ၏ Bonus Share များကို ငွေးချေး သက်သေခံ လက်မှတ်စာရင်း(Securities Account) တစ်ခုချင်းစီ၏ လက် ကျန် အပေါ်တွင်သာ မူ တည်၍ တွက်ချက်ထည့်သွင်းပေးမည်ဖြစ်ပြီး၊ ကျန် သည့် Securities Account ရှိ လက်ကျန်များနှင့် ပေါင်းစပ်ခြင်းကို YSX က တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ဇူလိုင် ၁ဝ ရက်က ကြေညာ ချက်ထုတ်ပြန် ခဲ့သည်။
Credit: Myanmar Time