Fortune မဂ္ဂဇင်းဟာ မကြာသေးမီက တနှစ်တာ ကမ္ဘာ့ဝင်ငွေအများဆုံး ကုမ္ပဏီ ၅၀၀ ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဆိုပါ ကုမ္ပဏီ ၅၀၀ အတွင်း အမေရိကန်နိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၁၃၂ ခု နဲ့ အများဆုံး ပါဝင်လျက်ရှိပြီး ဒုတိယအနေနဲ့ တရုတ်နိုင်ငံမှ ကုမ္ပဏီစုစုေ ပါင်း ၁၀၉ ခု ပါဝင်ကာ တတိယအများဆုံးအနေနဲ့ ဂျပန်နိုင်ငံမှ ကုမ္ပဏီစုစုေ ပါင်း ၅၁ ခု အသီးသီးသတ်မှတ်ခြင်းခံခဲ့ရတာပါ။
“တကယ့်ကို ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုထုတ်ပြန်ထားတဲ့ စာ ရင်းဟာ ရေမြေဒေသအလိုက် ပြုစုထားတာပါ။ ယခုဖော်ပြခြင်းခံခဲ့ရတဲ့ ကုမ္ပဏီများဟာ နိုင်ငံပေါင်း ၃၄ နိုင်ငံမှ မြို့ပေါင်း ၂၃၂ မြို့မှာ အခြေပြုနေ တာပါ” လို့ Fortune မဂ္ဂဇင်းအယ်ဒီတာဖြစ်တဲ့ Clifton Leaf မှ ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး “တချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများဟာလည်း က မ္ဘာ့ အရှေ့ဘက်ခြမ်းကို တဖြည်းဖြည်း စီးဆင်းလို့နေပါတယ်။ ကုမ္ပဏီစုစုေ ပါင်း ၁၀၉ ခုနဲ့ ဒုတိယအများဆုံးနေရာမှာ ပါဝင်လာခဲ့တဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလက စုစုပေါင်း ၂၉ ခုသာ ပါဝင်ဖော်ပြခြင်းခံခဲ့ ရတာပါ” လို့ ထပ်မံပြောကြားခဲ့တာပါ။
ကမ္ဘာ့ဝင်ငွေအများဆုံး ကုမ္ပဏီများစာရင်းမှ ထိပ်ဆုံးနံပါတ် ၁ နေရာမှာ ဖော်ြ ပခြင်း ခံခဲ့ရတဲ့ WalMart ဟာ အင်္ဂလန်နိုင်ငံမှာ Asda အမည်ခွဲနဲ့ လုပ်ကိုင်ေ နတဲ့ ကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီတခုဖြစ်ပါတယ်။ ၎င်းကုမ္ပဏီဟာ နံ ပါတ် ၁ နေရာမှာဖော်ပြခြင်းခံရတာဟာ ယခုနှစ်နဲ့ဆို ၄ နှစ်ဆက်တိုက် ရှိခဲ့ ပါပြီ။ တစ်နှစ်တာ ကမ္ဘာ့ဝင်ငွေအများဆုံး ကုမ္ပဏီများစာရင်းနဲ့ ဝင်ငွေများ ကို ဖော်ပြလိုက်ပါတယ်။
The Fortune Global 500 top 10 list by annual revenue
1. WalMart Stores (US) – $485.8bn 2. State Grid (China) – $315.1bn3. Sinopec (China) – $267.5bn 4. China Natural Petroleum (China) – $262.6bn5. Toyota Motor (Japan) – $254.7bn6. Volkswagen (Germany) – $240.2bn7. Royal Dutch Shell (Netherlands) – $240bn8. Berkshire Hathaway (US) – $223.6bn9. Apple (US) – $215.6bn10. Exxon Mobil (US) – $205bn
Fortune မဂ္ဂဇင်းမှထုတ်ပြန်တဲ့ တနှစ်တာ ကမ္ဘာ့ဝင်ငွေအများဆုံး ကုမ္ပဏီ များစာရင်းဟာ ၂၀၁၇ မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီတခုခြင်းစီရဲ့ ဝင်ေ ငွတွေကို အခြေခံပြီးမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
Credit: Irrawaddy