ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ကားလမ်းကူးခုံး ကျော် တံတား ဆောက် လုပ်ရန် လျာထားသည့် နေရာငါးခုကို မြေပြင်လေ့လာမှုများ စတင်နေေ ကြာင်း သတင်းရရှိသည်။
ကားများ ဖြတ်သန်းသွားလာမှုများသည့် သံလမ်းနှင့်ရထား လမ်းဆုံရာ Leven Crossing များ ဖြစ်သည့် ရွာမကျောင်းလမ်း၊ ပါရ မီအနောက်၊ ဘုရင့်နောင်၊ တညင်းကုန်းနှင့် သစ္စာလမ်းဆုံတို့၌ ခုံး ကျော်တံတားများ ဆောက်လုပ် ရန် စီစဉ်နေခြင်းဖြစ်သည်ဟု မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိ တစ်ဦး က ပြောသည်။
‘‘အခုက မိုးတွင်းဘက်လည်း ဖြစ်နေတော့ မြေပြင်အခြေအနေ ကို လေ့လာ လို့ပဲ ရသေးတယ်။ လေ့လာမှုတွေပြီးမှ ဘယ်နေရာ မှာ စပြီးဆောက်မယ်၊ ဘယ်လို ဆက်လုပ်မယ်ဆိုတာ သိရမှာပါ’’ ဟု ၎င်းကဆိုသည်။
မြို့ပတ်ရထားလမ်းပိုင်း အ ဆင့်မြှင့်တင်ခြင်းကို မြန်မာ့မီးရထားက ဂျပန်နိုင်ငံ ၏ အကူအညီ ဖြင့် လုပ်ဆောင်နေပြီး ယင်းစီမံချက်သည် လက်ရှိခုတ်မော င်းနေ သော မြန်နှုန်းကို မြှင့်တင်ရန်ဖြစ် သည်။
ထိုသို့ ရထားအမြန်နှုန်းမြှင့် တင်ပါက ကားဖြတ်သန်းသွားလာ မှုများသည့်နေ ရာများတွင် ယာဉ် သွားလာမှု အခက်အခဲမဖြစ်စေ ရန် ခုံးကျော်တံတား များ ဆောက်လုပ်ရခြင်းဖြစ်သည်ဟု အကြီး တန်းအရာရှိကပြောသည်။
‘‘ဒီစီမံချက်က အရင်က တည်းက ရှိနေတာပါ။ အကောင် အထည်ဖော်ဖို့အ တွက် ပြင်ဆင် နေတာကြာပြီ။ တံတားတွေ ဆောက်လုပ်မှသာ ရထားမြန်နှု န်း မြှင့်တဲ့အခါ အဆင်ပြေမှာ ဖြစ်တဲ့အတွက် အခုစတင်လုပ်ဆောင် နိုင် ဖို့ လေ့လာမှုတွေ လုပ်နေတာ ပါ’’ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မြို့ပတ်ရထား လမ်းပိုင်း၌ ကားလမ်းကူးခုံးကျော် တံတားအစင်း ၂၀ ခန့် ဆောက် လုပ်ထားပြီးဖြစ်ကြောင်း မှတ် တမ်းများအရ သိရသည်။
မြန်မာ့မီးရထားသည် လက် ရှိ၌ ရန်ကုန်မြို့ပတ်ရထားကို တစ်နာရီလျှင် ကီလို ၂၀ နှုန်းဖြင့်ပြေးဆွဲနေပြီး တစ်နာရီ ကီလို ၄၀နှုန်းအထိ ပြေးဆွဲ ရန် မြန်မာ့မီးရထားက ရည်ရွယ်ထားသည်။
ထိုသို့ မြန်နှုန်းမြှင့်တင်ခြင်း ကို အစောဆုံး ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်ကုန်ပိုင်း တွင် လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း မြန်မာ့မီးရထား က ခန့်မှန်းထားသည်။
Credit: 7DayDaily