ရန်ကုန်မြို့ရှိ ဈေးပေါင်း ၁၇၄ ခုကို အဆင်မြှင့်တင်သွားမည်ဖြစ်ပြီး လတ်တေ လာတွင် ဈေး ၂၀ ကို စစ်တမ်း ကောက်ယူ နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်လ ၂၀ ရက်နေ့ UMFCCI တွင် ပြုလုပ် သည့် အဋ္ဌမ အကြိမ် ဒုသမ္မတနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်ေ တွ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်း မင်းဒင်က ကဏ္ဍတရပ်လုံးမှ ကုန်စည်များသည် သီရိမင်္ဂလာဈေးတွင်သာ လည်ပတ် ရောင်းချနေရေ သာကြောင့် အလေအ လွင့်များနေပြီး အချိန်ကြန့်ကြာခြင်းတို့ကြောင့် ယခု တည်ဆောက်နေသည့် တညင်းကုန်း လက်ကားဈေးနည်းတူ ရန်ကုန်တိုင်း အတွင်း ခရိုင်အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် သီးသန့် လက်ကားဈေးများ ဖော်ဆောင်ရန် ဆွေးနွေးစဉ် ဝန်ကြီးချုပ်က အထက်ပါအ တိုင်း ပြောကြားခြင်း ဖြစ်သည်။
တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ဆီမှာ ရှိနေတဲ့ ဈေးစနစ်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဈေးမဖြစ်ဘူး။ ဒါကြောင့် ဒီဈေး ၁၇၀ ကျော်ကို အဆင့်မြှင့်တင်တဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဈေးတွေ ဖြစ်လာအောင် အခုစမ်းသပ်ပြီးတော့ဈေး ၂၀ကို စပြီးတော့ အဆင့်မြှင့်တင်သွားမယ်။ စပြီး ပြောင်းလဲသွားမယ်” ဟု ပြောသည်။
ဈေး ၂၀ ကို စတင် အဆင့်မြှင့်မည်ဟု ဆိုသော်လည်း ထိုဈေးများ၏ အမည် များကိုမူ ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။
ယင်းကဲ့သို့ ဈေး ၂၀ ကို အရင်ဆုံး ရွေးချယ်ပြုလုပ်ရခြင်းမှာ customer များနှင့် ရင်းနှီး ကျွမ်းဝင်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော ဈေး များ ဖြစ်စေရန်နှင့် စားသုံးသူနှင့် ရောင်းချသူ နှစ်ဦးနှစ်ဖက် မျှတမှု ရှိသောေ ဈးနှုန်းများ ဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကြေ ပာသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက “ဒါကတော့ ဝန်ကြီးချုပ်ဘက်က ရှိနေတဲ့ စီမံကိန်းကို တင်ပြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ တုံ့ပြန်မှု အကောင်းဆုံးဖြစ် တဲ့ ဈေး ကို စတင်မှာဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်မြို့သည် လူဦးရေ ၁၀ ရာခိုင်နှုန်းခန့် နေထိုင်သဖြင့် အသေးစားနှင့် အလတ်စား ထုတ်ကုန် (SME) လုပ်ငန်းများမှ ထုတ်ကုန်များမှာ ရောင်းချစ ရာ နေရာများများ ရှိနေမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဓိကအားဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်သော၊ ကုန်ပစ္စည်း စိုက်ပျိုး ထုတ်လုပ်သူများအတွက် အလွယ်တကူ ရောင်းချနိုင်သော နေရာအပြင် စားသုံးသူများ အဆင်ပြေရန် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် က ပြောကြားခဲ့ကြောင်း ယင်းဆွေးနွေးပွဲမှ သိရသည်။
ယခု အစိုးရလက်ထက်တွင် ယင်းကဲ့သို့ ဈေးများ အဆင့်မြှင့်တင်ခြင်းကို ပထမဆုံးအကြိမ် စတင်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
Credit: Irrawaddy