ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ထုတ် ပြန်သည့် Doing Business
အစီရင်ခံစာအရ ညွှန်းကိန်းရမှတ်များ အပေါ် နိုင်ငံအလိုက်
အဆင့်သတ် မှတ်ရာတွင် အဆင့်ကောင်းမှသာ နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာမည်ဟု ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကော်မတီသည် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက် အခဲများနှင့် လိုအပ်ချက်များ အဆင် ပြေချောမွေ့စေရန် ရည်ရွယ်ချက် ဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင် များနှင့် အဋ္ဌမအကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် ၂ဝ ရက်က UMFCCI အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ထိုသို့ပြောကြားလိုက် ခြင်း ဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ အစည်းအ ဝေးကို နှစ်လတစ်ကြိမ်နှင့် မဏ္ဍိုင် ငါးရပ်ကို တာဝန်ယူထားကြသည့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ အစည်းအဝေးကို တစ်လ တစ် ကြိမ် ကျင်းပလျက်ရှိပါကြောင်း၊ ယခု ဆိုလျှင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ အစည်းအဝေး လေးကြိမ်နှင့် လုပ်ငန်းကော်မတီ အစည်းအဝေး ၃၃ ကြိမ် ကျင်းပပြီး ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး တွင်လည်း ပုဂ္ဂလိကကဏ္ဍ၏တင်ပြ ချက်များအပေါ် လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီငါးရပ်မှ တာဝန် ရှိသူများ တက်ရောက်လျက် ရှိပါ ကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိကလုပ် ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုမှ ရရှိသည့် အကြံပြုချက်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများ မှ ဆွေးနွေးညှိနှိုင်း၍ ဖြေရှင်းဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အချို့အချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေ ရှင်းဆောင်ရွက်ပေး သွားမည် ဖြစ် ပါကြောင်း ¤င်းကဆိုသည်။
''ကမ္ဘာ့ဘဏ်မှ နှစ်စဉ် ထုတ်ပြန်သည့် ၂ဝ၁၇ ခုနှစ် Doing Business အစီရင်ခံစာအရ လုပ်ငန်းကဏ္ဍ ၁ဝ ရပ်၏ ညွှန်းကိန်းရ မှတ်များအပေါ် နိုင်ငံအလိုက် အဆင့်သတ်မှတ်ရာတွင် အဆင့် ကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများ ဆွေး နွေး ညှိနှိုင်းခဲ့ပါကြောင်း၊ အဆင့် ကောင်းမှသာ နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင် များအနေဖြင့် ပြည်တွင်းရော ပြည်ပမှာပါ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုး တက်အောင် လုပ်ဆောင်ရမည်ဖြစ် ပါကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရန် နိုင်ငံတော်အနေဖြင့် အ ဘက်ဘက်မှ အားပေးဆောင်ရွက် လျက်ရှိပါတယ်''ဟု ဒုသမ္မတဦးမြင့် ဆွေက ပြောသည်။
အဆိုပါ အစည်းအဝေး သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
Credit: Yangon Media Group