ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ် ခြံ မြေ အရောင်းအဝယ်ဈေးကွက်မှာ ဝါတွင်းကာလအတွင်းအေးစက်လာခဲ့ကာ ဝါကျွတ်ကာလသို့ရောက်ရှိမှသာ ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်ရကြောင်း
ရန်ကုန် အခြေစိုက် အကျိုးဆောင်များမှ ဆိုသည်။
"""ဈေးကွက်ကတော့ ဝါတွင်းတောက်လျှောက်အေးမှာပေါ့။ ပွဲ ကြီးကြီးမားမား မဖြစ်ဘူး။သိန်း ၅၀၀ ၊ ၆၀၀ တန် လေးတွေလောက်ပဲဖြစ်တယ်။အငှားလေးတွေ ဖြစ်တယ်။ဒါပေမယ့် နည်းသွားတယ် ။သိပ်ပြီး ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ဟာတွေတော့ မရှိဘူး။ခုကတော့ ဝါကျွတ်ကာလ ရောက်ပြီဆိုတော့ မျှော်လင့်တာရတာပေါ့။ဒီ ဝါကျွတ်ကနေစပြီး ဈေးကွက်ပြန်လိုက်လာရင် အတော် အဆင်ပြေမှာပါ။""မြောက်ဒဂုံ အခြေစိုက် အကျိုးဆောင်တစ်ဦးမှ သုံးသပ်ပြောကြားသည်။
အိမ် ခြံ မြေ ဈေးကွက်တွင် အရောင်းအဝယ် အေးစက်နေမှုမှာ နှစ်ချီကြာမြင့်နေပြီဖြစ်သည်။ထို့ကြောင့် အစိုးရသစ်လက်ထက် ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာခြင်း၊ အမေရိကန် ဆန်ရှင် လျော့သွားခြင်းများရှိသော်လည်း ရန်ကုန် ၊မန္တလေး အစရှိသည့် မြို့ကြီးများအားလုံးသည် ဈေးကွက်အားကောင်းလာစေရေး အရှိန်ယူနေရသည့်အခြေအနေဖြစ်နေကြောင်း အကျိုးဆောင်အသိုင်းအဝိုင်းမှသိရှိရသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com