ဗီယက်နမ်အိမ်ခြံမြေလောကသို့ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက်

ဗီယက်နမ်အိမ်ခြံမြေလောကသို့ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
21 Jul 2017 11:31 am တွင် တင်ခဲ့သည်
1284 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်နိုင်ငံရှိ မစ်ဆုဘီရှီ၊ မေဒါ၊ ကာဂျိမ၊ ဆုမိတိုမိုနှင့် ခရိဒ်အုပ်စုတို့သည် လွန်ခဲ့သောနှစ်အတွင်း ဗီယက်နမ်အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုကြီးမားစွာပြုလုပ်ခဲ့ကြပြီး ဒေါ်လာသန်းပေါင်းရာချီ၍ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ဗီယက်နမ်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မစ်ဆုဘီရှီသည် ဟနွိုင်းရှိ Manor Central Park ကို ဗီယက်နမ်အခြေစိုက် Bitexco နှင့် ပူးတွဲအကောင်အထည်ဖော်ရာတွင် ကန်ဒေါ်လာ သန်း ၂၉၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။

မစ်ဆုဘီရှီနှင့် Bitexco တို့သည် အထပ်နိမ့်အဆောက်အအုံ ၂၄၀ နှင့် အခန်းပေါင်း ၁၀၃၆ ပါ အထပ်မြင့် အဆောက်အအုံ ၂ လုံး ဆောက်လုပ်သွားကြရန် သဘောတူထားကြသည်။

ကာဂျိမသည်လည်း ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း Indochina Capital ကုမ္ပဏီနှင့် လက်တွဲကာ ကန်ဒေါ်လာ သန်း ၅၀၀ ခန့်သုံးစွဲ၍ Indochina Kajima Development ကို အကောင်အထည်ဖော်ရန် သဘောတူထားခဲ့ကြသည်။

ဗီယက်နမ်အိမ်ခြံမြေဈေးကွက်တွင် လာမည့် ၁၀ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားကြရန် နှစ်ဦးနှစ်ဘက် သဘောတူညီထားကြသည်။
မကြာသေးမီ ကာလများအတွင်း Sanyo Home ကလည်း Tien Phat ကုမ္ပဏီနှင့် လက်တွဲကာ ဟိုချီမင်းမြို့တော်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် သဘောတူထားသည်ဟု ဆိုသည်။

ထို့အပြင် ဆုမိတိုမိုသည်လည်း ဗီယက်နမ်အခြေစိုက် BRG Group နှင့် ပူးပေါင်းပြီး ဟနွိုင်းမြို့ပေါ် အိမ်ခြံမြေကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြမည် ဖြစ်သည်။

လူဦးရေ ၉၃ သန်းကျော်လာပြီဖြစ်သော ဗီယက်နမ်တွင် ဝင်ငွေနှင့် မြို့ပြအသွင်ပြောင်းမှု မြင့်တက်လာခြင်းတို့ကြောင့် လူငယ်ဝယ်လက်များအကြား နေအိမ်ဝယ်လိုအား မြင့်တက်လာလျက်ရှိနေသည်။

မကြာသေးမီနှစ်များအတွင်း ဂျပန်ရင်းနှီးမြှုပ်နှံသူများသည် ဗီယက်နမ်တွင် စီမံကိန်းပေါင်း ၃၄၁၁ ခု ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၄ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

ဗီယက်နမ် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၏ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် ပထမ ၆ လတာ ကာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည့် ကမ္ဘာ့နိုင်ငံပေါင်း ၉၄ နိုင်ငံအနက် ဂျပန်သည် ကန်ဒေါ်လာ ၅ ဒသမ ၀၈ ဘီလီယံဖြင့် နံပါတ်တစ်နေရာသို့ ရောက်ရှိလာခဲ့ပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၄၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗီယက်နမ်အိမ်ခြံမြေလောကသို့ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဝင်ရောက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Infinity@111Condo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service