ယခုဘဏ္ဍနှစ် ၂၀၁၇-၂၀၁၈ ဇူလိုင်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့မှုမှာ ဇူလိုင်လ လယ်အထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၃ခု၊ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၂၇၆၈.၅၂၅သန်း ဖြစ်ပြီးး တိုးမြှင့်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၈၉.၈၁၃ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စင်ကာပူက အမေရိကန်ဒေါ်လာာ ၁၀၉၁.၇၁ သန်း၊ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၃၀ သန်းကျော်၊ နယ်သာလန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၁၈.၁၀၇ သန်းဖြစ်ပြီး အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ကဏ္ဍက စက်မှုလုပ်ငန်းဖြစ်ပြီး ဒုတိယအများဆုံးက အိမ်ရာ အဆောက်အုံလုပ်ငန်း၊ တတိယအများဆုံးကဝန်ဆောင်မှုလုပ်ငန်း ဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တာဝန်ရှိသူတစ်ဦးက
‘ ဒီ ဘဏ္ဍာနှစ်ရဲ့ သုံးလကျော်ကာလမှာကိုပဲ ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ သုံးဘီလျံခြောက်ဘီလျံဖြစ်ပေမဲ့ အခုမှသုံးလတာကာလရှိသေးတယ်ဆိုတော့ လျာထားချက်ကို ကျော်လွန်ပြီး အလားလာကောင်းနိုင်မယ်လို့ ယူဆပါတယ် ‘ လို့ ပြောပါတယ်။
Credit: The Modern