ရန်ကုန်မြို့လယ် ပြန်လည် အသက်ဝင်လာပါက နိုင်ငံ၏ ခရီးသွားလုပ်ငန်းအား အချက်အချာ ဖြစ်လာလိမ့်မည်ဟုဆို

ရန်ကုန်မြို့လယ် ပြန်လည် အသက်ဝင်လာပါက နိုင်ငံ၏ ခရီးသွားလုပ်ငန်းအား အချက်အချာ ဖြစ်လာလိမ့်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Jul 2017 12:03 pm တွင် တင်ခဲ့သည်
1235 ကြိမ် ကြည့်ရှု့ပြီး
သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များစွာ တည်ရှိသည့် ရန်ကုန်မြို့လယ် ပြန် လည် အသက်ဝင်လာပါက နိုင်ငံ၏ ခရီးသွားလုပ်ငန်းအား မောင်းနှင်ရာ အချက်အချာ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းေ စာင့်ရှောက်ရေး (YHT) အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

“အတွင်းဝန်ရုံး ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ရေးဟာ ပိုမိုကျယ်ပြန့်ပြီး သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်နေရာများစွာ တည်ရှိနေတဲ့ ရန်ကုန်မြို့ လယ် ပြန်လည် သက်ဝင် လှုပ်ရှားလာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာပြီး နိုင်ငံရဲ့ ခရီးသွားလုပ် ငန်းအား မောင်းနှင်ရာ အချက်အချာ ဖြစ်လာပါလိမ့်မယ်”ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦး က ပြောကြားသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့သည် ပြီးခဲ့သည့်
နှစ်များအတွင်း ရန်ကုန်မြို့၏ သမိုင်းဝင်အတွင်းဝန်ရုံး ပြုပြင် ထိန်းသိမ်းေ စာင့်ရှောက်ရေး လုပ်ငန်းများတွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်လျက် ရှိပြီး ယင်းအဖွဲ့ စတင်တည်ထောင်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းကပင် အ တွင်းဝန်ရုံး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းသည် YHT ၏ အဓိကကျသော လုပ် ငန်းတစ်ခုအဖြစ် ရှိခဲ့ကြောင်း ၎င်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် မတိုင်ခင်က အတွင်းဝန်ရုံးအား အစိုးရက အနော်မာ အဖွဲ့ သို့ နှစ်ရှည် ငှားရမ်းခဲ့ကြောင်း သိရသည်။ အစိုးရအဖွဲ့၏ တောင်းဆိုချက်အရ YHT သည် အတွင်းဝန်ရုံးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံမှု အစီအ စဉ်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရေးဆွဲခဲ့ကြောင်း သိရသည်။

“အတွင်းဝန်ရုံးဟာ သမိုင်းဝင် အရေးပါမှုများစွာ တည်ရှိနေတဲ့ နေရာဖြစ် ပြီး မြန်မာ့ကိုလိုနီခေတ်သမိုင်း၊ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းအပါအ၀င် အစောပိုင်းလွတ်လပ်ပြီး ခေတ်အုပ်ချုပ်ရေး အခြေအနေများနဲ့ ချိတ်ဆက်ပေး တဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အတွင်းဝန်ရုံးလို အရေး ပါတဲ့ အမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းခြင်းအားဖြင့် အမျာြး ပည်သူတွေအနေနဲ့ အတိတ်ဖြစ်ရပ်များအပေါ် ပိုမို အသိအမှတ်ပြုလာ ရုံ သာမက အနာဂတ်အတွက် ဆန်းသစ်မှုတွေ ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေး စီမံမှုအစီအစဉ် (CMP) သည် မြန် မာနိုင်ငံတွင် ပထမဆုံးသော အစီအစဉ်ဖြစ်သည်။ CMP ဆိုသည်မှာ နေရာ တစ်ခု၏ အမွေအနှစ်ဆိုင်ရာ ထူးခြားချက်များအား ဖော် ထုတ်ပြီး ပြန်လည်ြ ပုပြင်ရာတွင် ယင်းထူးခြားချက်များအား သေချာစွာ ထိန်းသိမ်းစောင့်ေ ရှာက်နိုင်ရန် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးသည့် အစီအမံ တစ်ရပ်ဖြစ်ကြောင်း သိရသည်။

အတွင်းဝန်ရုံး အဆောက်အအုံ၏ သူမတူ ထူးခြားသော ယဉ်ကျေးမှုဆိုင်ရာနှ င့် အဆောက်အအုံဆိုင်ရာ အမွေအနှစ်များအား စနစ်တကျ ထိန်းသိမ်းေ စာင့်ရှောက်နိုင်ရန်အတွက် အစိုးရ၏ တောင်းဆိုချက်အရ YHT သည် နှစ် ရှည်ငှားရမ်းသူများအား နည်းပညာပိုင်းဆိုင်ရာ အကူအညီနှင့်အကြံဥာဏ် များ ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၇ မေလအတွင်းက YHT သည် အနော်မာအဖွဲ့နှင့်အတူ သမိုင်းပ ညာရှင်များ၊ ပြတိုက်ပညာရှင်များနှင့် တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အစည်းအဝေးခန်း ကို ပြန်လည်ပြုပြင်ရေးအတွက် အကြံဥာဏ်များ တောင်းခံရယူခဲ့ကြောင်း သိရသည်။

့YHT သည် ယင်းအစည်းအဝေး ခန်းမသာမက အတွင်းဝန်ရုံး ပရ၀ဏ် အတွင်းရှိ ယခင် လွှတ်တော်အဆောက်အအုံတို့အား မူလ လက်ရာ မပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများ ပေးလျက်ရှိကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

Infinity@111Condo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service