၁၉၉၇ ခုနှစ်က ရုံတင်ပြသခဲ့သော သိပ္ပံဆန်းကြယ်ဇာတ်ကား The Lost World: Jurassic Park ဖြင့် နာမည်ကျော်ခဲ့သည့် သရုပ်ဆောင် Vincent Vaughn သည် ဟောလိဝုဒ်ဟေးလ်ရှိနေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၆၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချမည့်နေအိမ် တည်ရှိသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့ဟ်အိန်ဂျလိမြို့ရှိ နာမည်ကျော်
ကြယ်ပွင့်များ စုဝေးရာ ဟောလိဝုဒ်ဟေးလ်တွင်ဖြစ်သည်။
Vince Vaughn က အဆိုပါနေအိမ်ကို ကိတ်ဘော့စ်ဝါ့သ်ထံမှ ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၇၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကိတ်ဘော့စ်ဝါ့သ်ကမူ ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်အဝန်းမှာ ဧကဝက်ရှိပြီး နေအိမ်ကို
ခေတ်ပြိုင် ဗိုသုကာဟန်ဖြငမ့ ဆောက်လုပ်ထားသည်။
ညစာစားခန်းနှင့် ဧည့်ခန်းကို တစဆက်တည်းတွေ့ရပြီး မှးဖိုဆောင်တွင် စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော နောက်ဆုံးပေါ်
မီးဖိုဆောင်သုံးပစ္စည်စများ တပ်ဆင်ပေးထားသည်။
နေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂၈၉၀ ရှိပြီး
အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်သည်။
Vincent Vaughn သည် အမေရိကန်သရုပ်ဆောင် ရုပ်ရှင်ထုတ်လုပ်သူ ဇာတ်ညွှန်းရေးဆရာ ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် မတ်လ ၂၀ ရက်တွင် မွေးဖွားသည်။
Vincent Vaughn ကို မင်နီဆိုးတားပြည်နယ် မင်နီပိုလစ်မြို့တွင် မွေးဖွားပြီး မိခင်ဖြစ်သူ ရှာရွန် အီလင်းမှာ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူ ဗာနွန်လင်းဆေးမှာ ကလေးကစားစရာပစ္စည်း ရောင်းချသည့်ကုမ္ပဏီတစ်ခုတွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်သူဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဟာသဇာတ်မြူး Swingers မတိုင်မီတွင် ရုပ်သံဇာတ်လမ်းတွဲများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။
သူ၏ ထင်ရှားသောဇာတ်ကားများမှာ Rudy (၁၉၉၃) The Lost Wo rld: Jurassic Park (၁၉၉၇) နှင့် Return to Paradise (၁၉၉၈) တို့ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)