ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအား အသစ်ပြန်လည်ရေးဆွဲရန် မြန်မာ-ဂျပန်ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အသစ်ပြန်လည်ရေးဆွဲရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံတွေးနွေးရာတွင် မြန်မာ၊ ထိုင်၊ ဂျပန်သုံးပွင့်ဆိုင်ဆွေးနွေးရေး၊ ဂျပန်နိုင်ငံမှ ပေးအပ်သော အကူအညီမျာအား ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်သီးနှံအရည်အသွေး စီမံခန့်ခွဲမှုတွင် ဂျပန်နည်းပညာနှင့် အကူအညီ ပိုမိုရရှိရေးနှင့်ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေသော တနင်္သာရီကမ်းမြောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ နိုင်ငံအနေနဲ့ လက်ရှိမှာ သီလ၀ါ၊ ထားဝယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ၃ ခုအနက် သီလ၀ါကတော့ ရှေ့ကို ရောက်နေတဲ့ အထူးစီးပွား ရေးဇုန် ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။
Credit: Shwesathtagan