ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများသည် ဈေးကွက်ပေါက်ဈေး ကျပ်ဘီလီယံ ၆၀ ကျော်ပါက မတည်ငွေ တိုးချဲ့ရန် ရှယ်ယာများ ထပ်မံ ထုတ်ရောင်းနိုင်ကြောင်း သတင်းရရှိသည်။
မတည်ငွေရင်း တိုးမြှင့်နိုင် ရန် အများပြည်သူသို့ ရှယ်ယာ များ ဖိတ်ခေါ်ရာ တွင် အထက်ပါ အချက်အပြင် ထုတ်ပြန်ထား သော အမိန့်ညွှန်ကြားချက် များနှင့် အညီ ကော်မရှင်သို့ နှစ်စဉ် အစီ ရင်ခံစာတင်ပြသည့် ကုမ္ပဏီ လည်း ဖြစ်ရမည်ဟု ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးေ က်ာမရှင်က ဆိုသည်။
‘‘အခု ရန်ကုန်စတော့အိတ် ချိန်းမှာ စာရင်းဝင်ထားတဲ့ ကုမ္ပ ဏီလေးခုစလုံးက ကျပ်ဘီလီယံ ၆၀ ကျော်တော့ ကုမ္ပဏီတွေက ဆန္ဒရှိရင် ရောင်းချင်ေ ရာင်း လိုပါ တယ်’’ဟု ရန်ကုန်စတော့အိတ် ချိန်း၊ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်း၌ လက်ရှိတွင် FMI ကုမ္ပဏီက အပိုဆုရှယ်ယာ အဖြစ် ဆယ်စု လျှင် တစ်စု ထုတ်ပေးရန် စီစဉ်နေ ပြီး ရှယ်ယာပမာဏ ၁၀ ရာခိုင် နှုန်းတိုးမြှင့်ရန် စီစဉ်နေသည်။
FMI ကုမ္ပဏီက ရှယ်ယာ ၂၃ သန်း၊ မြန်မာနိုင်ငံသားဘဏ် (MCB) က ရှယ် ယာ ၁၀ သန်း၊ ပထမပုဂ္ဂလိကဘဏ်က ရှယ်ယာ နှစ်သန်းနှင့် သီလဝါ အ ထူးစီးပွား ရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH)က ရှယ်ယာလေးသန်း ခန့် ရောင်း ချထားသည်။
လက်ရှိ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာတန်ဖိုး ကျဆင်း၍ အရောင်း အဝယ်အေး နေကာ ပြီးခဲ့သည့် ဧပြီ၌ ကျပ် ၁ ဒသမ ၂ ဘီလီယံသာ အေ ရာင်း အဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန် သော စာရင်းများအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့် လှစ်၍ ၂၀၁၆ မတ်လ၌ FMI ကုမ္ပ ဏီက စာရင်းဝင်ကုမ္ပဏီအဖြစ် အရောင်းအဝယ် စတင် ခဲ့သည်။ လက်ရှိတွင် အများပိုင်ကုမ္ပဏီ လေးခုနှင့် Securities ကုမ္ပဏီ ခြောက်ခုဖြင့် လည်ပတ်နေသည်။
Credit: 7DayDaily