မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ ရောင်းချမည့် ဒုတိယအသုတ် အိမ်ရာစီမံကိန်း အတွက် လျှောက်ထားလိုသူများကို ယခုလကုန် အထိရက်တိုးပြီး လျှောက်ထား ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
လျှောက်ထား ခွင့်ရသူများမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားသူများသာ လျှောက်ထားရမည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ငွေ၃၀ရာခိုင်နှုန်းပြည်မှီသူများကို ဒုတိယအသုတ်အဖြစ် အခန်းဝယ်ယူနိုင်ရန်အတွက် ရောင်းချလျှက်ရှိရာ လျှောက်လွာကို မူလက ယခုလ ၂၁ရက်အထိသာ လျှောက်ထားရန် ခွင့်ပြုထားရာမှာ ယခု လ ၃၁ရက်အထိ တိုးမြှင့်ပြီး လျှောက် ထားခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ယခု ဒုတိယအသုတ်ရောင်းချမည့် အခန်းများတွင် လှိုင်သာယာ၊ ရွေလင်ဗန်း အိမ်ရာစီမံကိန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ယုဇနအိမ်ရာစီမံကိန်းနှင့် နေပြည်တော်မှ ရွေနံ့သာအိမ်ရာစီမံကိန်းတို့ကိုရောင်းချပေး
သွားမည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ၀င်ငွေစုဆောင်းများသူထဲမှဒုတိယအသုတ်အဖြစ် ၀ယ်ယူခွင့်ရရှိသူများကို လျှောက်ထားခိုင်းခြင်းဖြစ်သည်။
အထူးသဖြင့် သိန်း ၃၀ စုဆောင်းငွေ ပြည့်မှီသူများကို အဓိကရောင်းချ ပေးသွားမည်ဖြစ်သောကြောင့် လျှောက်ထားသူပမာဏမှ ပထမအသုတ်ကထက် များပြားလာနိုင်သဖြင့် လျှောက်ထားခြင်းကို
ယခုလအကုန် အထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။း
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com