မော်လမြိုင်မြို့ ကမ်းနားလမ်း(အပိုင်း ၆) စီမံကိန်း တည်ဆောက်ခဲ့သည့် စုန်ရေကုမ္ပ ဏီမှ ပြည်နယ်စည်ပင်သို့ပေးရန် ကျန်ရှိသည့် ငွေများကို ဘဏ္ဍာနှ စ် အလိုက် အရစ်ကျ ပေးသွင်းရန် ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားခဲ့ေ ကြာင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိသည်။
ယခင်အစိုးရခွင့်ပြုချက်ဖြင့် ယင်းလမ်းပိုင်းကို ပြုပြင်ခဲ့ပြီး ကမ်း နားလမ်းဘေး ရှိ စည်ပင်ပိုင်မြေ ၁၉ ဧကကျော်ကို ကုမ္ပဏီကရရှိမည်ဖြစ်သည်။ မြေရရှိရန် စည်ပင်သို့ ကျပ်သိန်း ၂၅,၀၀၀ ပေးသွင်းရမည်ဖြစ်သော်လည်း ကုမ္ပဏီ ဘက် မှ ယခုအချိန်ထိ ၁၀ ရာခိုင်နှုန်းသာ ပေးသွင်းထားသည်။
‘‘အခုအချိန်ထိတော့ ကုမ္ပဏီဘက်က သွင်းရမယ့် ပိုက်ဆံ ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရထားသေးတယ်။ စုန်ရေကုမ္ပဏီကတော့ မြေပေးမိန့်(မြေငှားဂရန်)ရမှ သိန်း ၇,၅၀၀ ပြန်သွင်းပေးမယ်လို့ ပြောတယ်။ အစိုးရအဖွဲ့ရုံးရဲ့ စိစစ်ချက်အရ ကျန်တဲ့ငွေကို ဘဏ္ဍာနှစ်အလိုက် ပြန်သွင်းပေးဖို့ ကုမ္ပဏီကို အသိပေး ထား ပြီးပြီ’’ဟု မွန် ပြည်နယ် စည်ပင်သာယာရေးအ ဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်ေ အာင် က ပြောသည်။
မြေပေးမိန့်ရရှိပြီးဖြစ်ပါက ကုမ္ပဏီဘက်က ကျပ်သိန်း ၇,၅၀၀ ကို ပေးသွင်း ရမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေများကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၅,၀၀၀၊၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် သိန်း ၅,၀၀၀၊ ၂၀၁၉-၂၀ ဘဏ္ဍာနှ စ်တွင် ကျပ်သိန်း ၅,၀၀၀ ကို အပြီးပေးသွင်းရမည်ဖြစ်ကြောင်း ဦးမြင့်ေ အာင် က ဆိုသည်။
‘‘မြေပေးမိန့်ရရင် ကျွန်တော်သွင်းရမယ့် ငွေတွေကို သွင်းသွားဖို့ ရှိတယ်။ အ ခုချိန်ထိ မြေပေးမိန့်က မရသေးဘူး။ ပြီးတော့မယ်လို့တော့ ပြောတယ်။ မြေေ ပးမိန့် ရဖို့ မြေစာရင်းရုံး၊ မြို့နယ်ထွေ အုပ်၊ ခရိုင်ထွေအုပ်အဆင့်ဆင့် လုပ်ရ တယ်။ အရင်အစိုးရလက် ထက်တုန်းက မြေယူရင် ကျပ်သိန်း ၁၅,၀၀၀ ပဲ သွင်းရမယ်လို့ပြော တယ်။ အခုအစိုးရလက်ထက် တော့ ကျပ်သိန်း ၂၅,၀၀၀ သွင်း ခိုင်းတယ်။ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့သုံးသွားမယ် ဆိုေ တာ့ ကျွန်တော်လည်း ပေးမှာပါ’’ ဟု စုန်ရေကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးမိုးကျော်က ပြော သည်။
ကမ်းနားလမ်းအပိုင်း (၆) ပြုပြင်ရန် ကုန်ကျစရိတ်ကျပ်သိန်း ၆၆,၃၀၀ ရှိပြီး သုံးနှစ်အတွင်း လမ်းများပျက်စီးပါက ၎င်းတို့ကုမ္ပဏီမှ ပြန်လည် ပြုပြင် မည်ြ ဖစ်ကြောင်း ဦးမိုးကျော်က ဆိုသည်။
ကမ်းနားလမ်းအပိုင်း(၆)ဖွင့် ပွဲကို ၂၀၁၆ မတ်လ ၂၇ ရက်တွင် ယခင် ၀န် ကြီးချုပ်ကိုယ်တိုင် ဖွင့် လှစ်ပေးခဲ့ပြီး လမ်းအရှည်ပေ ၄,၆၅၀ လမ်းအကျယ်(ပ လက် ဖောင်းအပါအ၀င်) ၅၆ ပေရှိကာ ရေနုတ်မြောင်းကျော်တံတား ငါး စင်းတည်ဆောက်ထားသည်။
မော်လမြိုင် ကမ်းနားလမ်း ကို ယခင်အစိုးရလက်ထက်တွင် ဖောက်လုပ်ခဲ့ပြီး တိုးချဲ့ကမ်းနား လမ်းအပိုင်း(၁) အရှည် ၁,၃၄၈ ပေ၊ အပိုင်း(၂)အရှည် ၂,၈၅၀ ပေ၊ အပိုင်း(၃)အရှည် ၂,၈၅၀ ပေ၊ အပိုင်း(၄)အရှည် ၉၅၀ ပေ၊ အပိုင်း(၅)အရှည် ၂,၃၉၀ ပေ ရှိသည်။
Credit: 7DayDaily