လပွတ္တာရှိ သစ်တောပိုင် အငြင်းပွား လယ်ယာမြေများအတွက် သစ်တောမှ စွန့်လွှတ်ပေးမည်

လပွတ္တာရှိ သစ်တောပိုင် အငြင်းပွား လယ်ယာမြေများအတွက် သစ်တောမှ စွန့်လွှတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
19 Jul 2017 12:03 pm တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီးမှ အငြင်းပွားနေကြသော သစ်တောပိုင်မြေဧက ၄၀၀၀ ခန့်အား သစ်တောမှ စွန့်လွှတ်ခဲ့ပြီး မူလနှင့် လက်ရှိ လုပ်ကိုင်သူများအတွက် လယ်ယာမြေအဖြစ် ပြန်လွှဲပြောင်းမည် ဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၊ကြာကန်ကွင်းပေါက်မှ ရွှေကျွန်းသာ သစ်တောပိုင်မြေမှ ပြန်လည်စွန့်လွှတ်မည်ဖြစ်ပြီး နောက်ဆုံးကျန်သော အကွက်အမှတ်၎၊၆မှ ဧကပေါင်း ၄၀၀၀ ခန့်ရှိကြောင်း ဧရာဝတီတိုင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မြေနေရာများအတွက် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး လူသေမှု ၂ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

“လက်ရှိ စိုက်ပျိုးနေသူရှိတယ်။ မူလစိုက်ပျိုးသူရှိတဲ့သူတွေဟာ ၂၀၁၂လယ်ယာမြေဥပဒေအရ ယခင်စိုက်ပျိုးခဲ့တဲ့အတွက် ပိုင်ဆိုင်ခွင့်ရှိပါတယ်ဆိုပြိီး အငြင်းပွားပြီး တစ်ဘက်နဲ့ တစ်ဘက် တိုက်ခိုက်ခဲ့လို လူသေမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်၊ ဥပဒေရှုထောင့်ကကြည့်ရင် ဒီမြေဟာ သစ်တောမြေ ဖြစ်ပါတယ်။ တကယ်မှာ မူလကပိုင်ဆိုင်သူတွေက ပိုင်ဆိုင်ခွင့်မရှိသလို လက်ရှိ စိုက်ပျိုးသူတွေလည်း ပိုင်ဆိုင်ခွင့်မရှိဘူး။ သစ်တောက စွန့်လွှတ်လိုက်တယ်ဆိုတော့ မြေလွတ်မြေရိုင်းအဖြစ်ကို ပြန်ရောက်မယ်၊ အဲဒီမှာ ဥပဒေနဲ့အညီ မူလလက်ငုပ်ရယ် ၊ လက်ရှိလုပ်ကိုင်သူရယ် ဘယ်သူက ရပိုင်ခွင့်ရှိလဲဆိုတာ ဥပဒေလမ်းကြောင်းကပဲ စိစစ်ပြီး ခွဲဝေမှုတွေ လုပ်ပေးသွားမယ်ဆိုပြီး အကြမ်းဖျဉ်းဆုံးဖြတ်ထားတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ဥပဒေနှင့်အညီ သစ်တောမြေမှ မြေလွတ်မြေရိုင်းအဆင့်သို့ လွှဲပြောင်းကာ လယ်ယာမြေ အဖြစ် ပြန်လည် လွှဲပြောင်းမည် ဖြစ်သည်။

“အခုက စွန့်လွှတ်တဲ့ အမိန့်က ဒီရက်ထဲမှာ ရတာပါ ။ စိုက်ပျိုးရာသီကိုကျော်နေပြီး လက်ငုပ်တွေကို စစ်ဆေးရမယ် ။ ဥပဒေနဲ့အညီ သစ်တောမြေကနေ မြေလွတ်မြေရိုင်းအဆင့်ကို ပြန်လည်လွှဲပြောင်း ရမယ်။ မြေလွတ်မြေရိုင်းအဆင့်က တစ်ခါလယ်ယာမြေအဖြစ်ကို ပြန်လည်လွှဲပြောင်းရမယ်။ လုပ်ထုံးလုပ်နည်းတွေက ကျန်နေပါတဲ့အတွက် ဒီနှစ်စပါးစိုက်ရာသီမှာ မီမဲ့ အလာလားမရှိပါဘူး ဟု ဝန်ကြီးက ပြောသည်။

အဆိုပါနေရာတွင် လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီးအစိုးရ က မည်သူမျှ ဝင်ရောက်ကျူးကျော်စိုက်ပျိုးခြင်းမပြုရဟု တားဆီးမိန့် ထုတ်ထားပြီး ဖောက်ဖျက်ပါက အရေးယူတရားစွဲသွားမည် ဖြစ်သည်။

"တိုင်းဒေသကြီးအစိုးရလမ်းညွန်မှုနဲ့ ခရိုင်အုပ်ချုပ်ရေး၊မြို့နယ်အုပ်ချုပ်ရေးတွေက ဒီနှစ်စပါးရာသီမှာ မည်သူမျှ ဝင်ရောက်ကျူးကျော်စိုက်ပျိုးခြင်းမပြုရ တားဆီးမိန့်ထုတ်ထားပါတယ်၊မလိုက်နာဘဲ ကျုးကျော်စိုက်ပျိုးရင် နောက်ဆက်တွဲဖြစ်လာမဲ့ ပြဿနာတွေ အလွန်ကြီးမားပါတယ်။ တားဆီးမိန့်ကို ကျုးလွန်ဖောက်ဖျက်ပြီး ဝင်ရောက်စိုက်ပျိုးတဲ့သူကို ဥပဒေနဲ့အညီ အရေးယူတာတို့ တရားစွဲတာတို့ ဆက်လုပ်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ရွှေကျွန်းသာ လယ်ယာမြေ စိုက်ပျိုးခွင့် တားမြစ်ထားသည့် ကြားမှ စိုက်ပျိုးလျှင် တရားစွဲဆိုမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

“ကျွန်တော်တို့လက်ထက်မှာ အစိုးရက တားမြစ်ထားတဲ့ ကြားက မူလလက်ငုပ်နှင့်လက်ရှိလက်ငုပ် ခိုက်ရန်ဖြစ်ပွားပြီး လူတစ်ဦးထပ်ပြီးသေဆုံးတဲ့အဖြစ်ကိုရောက်တယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ စပါးရိတ်သိမ်းတဲ့ရာသီမှာ တရားမဝင် သစ်တောမြေမှာဝင်ရောက်စိုက်ပျိုးတဲ့ လူများက ရိတ်သိမ်းကြတဲ့အခါမှာ စိုက်ပျိုးခွင့်မရတဲ့သူများက ကြီးစွာသော အနှောင့်အယှက် နဲ့ အဟန့်အတားတွေ ပဋိပက္ခ တွေဖြစ်မှာစိုးလို့ ပြီးခဲ့တဲ့ စပါးရိတ်သိမ်းတဲ့ရာသီမှာ တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲမှုနဲ့ ရိတ်သိမ်းခဲ့ရတယ် ”ဟု ၀န်ကြီးက ပြောသည်။

လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာ သစ်တောမြေ လယ်ယာလုပ်ပိုင်ခွင့်ရရှိစေရေး မူလလက်ငုပ် တောင်သူများနှင့် လက်ရှိလုပ်ကိုင်သည့် တောင်သူများ လုပ်ပိုင်ခွင့်ရရှိရေး အငြင်းပွားနေပြီး၊ လယ်ယာမြေအငြင်းပွားမှုကြောင့် နှစ်ဘက်လယ်သမား ပဋိပက္ခ များဖြစ်ပွားခဲ့သည်။

Credit: mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service