မန္တလေးတိုင်းအတွင်း ရှိ သိမ်းဆည်းခံလယ်ယာမြေများ တွင် ၁၉၈၈ ရှေ့ ပိုင်းပြဿနာများ နှင့် ပတ်သက်၍ ဖြေရှင်းပေးမည် မဟုတ်ကြောင်း တိုင်းဒေ သကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဒေါက်တာစိုးသန်း က ပြောသည်။
၁၉၈၈ ရှေ့ပိုင်းသိမ်းဆည်း ခံလယ်မြေပြဿနာဖြစ်ပွားမှုသည် နည်း ပါးေ သ်ာလည်း တိုင်းအစိုးရ အဖွဲ့က မူဘောင်တစ်ခုချမှတ်ခဲ့ ပြီး သိမ်းဆည်းခံ လယ်ယာမြေများ စိစစ်ရေးကော်မတီက စိစစ်မည် မဟုတ်ဟုဆိုသည်။
‘‘၈၈ နောက်ပိုင်း သိမ်းဆည်း ခံရတာတွေနဲ့ပတ်သက်ပြီး ဖြေ ရှင်းပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လည်း သိပ်ပြီးတော့ ခိုင်မာပြီး နစ် နာတယ်ဆိုရင်တော့ စဉ်းစားပေး မှာဖြစ်ပါတယ်။ ဘာလို့လဲဆို တော့ ၈၈ မတိုင်ခင်က ကိစ္စတွေ ကိုပါ ပြန်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘာအလုပ်မှ လုပ်ရ မှာ မ ဟုတ်တော့ပါဘူး။ ဆင်ဖြူ ကန်ကွင်းကို မင်းတုန်းမင်းက ပေး ခဲ့တာဆို ပြီး ပြန်တောင်းနေတယ်။ ကျွန်တော်တို့ဘယ်လိုဆောင်ရွက် ရမတုံး။ လွတ် လပ်ရေးရပြီး သိမ်းခံရတဲ့မြေပြန်တောင်းတယ် ဗျာ’’ဟု ဇူလိုင် ၁၇ ရက်က မန္တ လေးတောင်သူသပိတ်စခန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုး ရအဖွဲ့ ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာစိုးသန်း က ပြော ကြားသည်။
၁၉၈၈ ရှေ့ပိုင်းသိမ်းဆည်း ခံရမှုမျိုးကို စိစစ်မည် မဟုတ်ကြောင်း မူအားဖြင့် သတ်မှတ်ထားခြင်းသာဖြစ်ပြီး အထောက်အထား ခိုင်ခိုင်မာမာဖြင့် အမှန်တ ကယ် နစ်နာပါက အထူးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ပေးမည်ဟုဝန်ကြီး က ဆိုသည်။
မန္တလေးတိုင်းအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများ နှင့် ပတ်သက်၍ မြို့နယ် ၁၂ ခုမှ တောင်သူများသပိတ်စခန်းဖွင့် တောင်းဆိုမှုတွင် ၁၉၈၈ ရှေ့ ပိုင်း သိမ်းဆည်းခံရသူတစ်ဦးပါဝင်နေ ပြီး အဆိုပါတောင်သူအား အထူးကိစ္စ အနေဖြင့် ဖြေရှင်းပေးမည် ဟုသိရသည်။
Credit: 7DayDaily