ယခုဘဏ္ဍာနှစ်အတွင်းမန္တလေးတိုင်းတွင် အခွန်ကြွေး ကျန်နှင့် ကားတင် သွင်းမှုမှ သုံးလ အတွင်း အခွန်ကောက်ခံရရှိမှု ကျပ် ၁၆ ဘီလီယံအထိ ရှိ ခဲ့ကြောင်း မန္တလေးတိုင်းပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။
‘‘ပြီးခဲ့တဲ့ ဧပြီကနေ ဇွန်လ အထိ သုံးလက အခွန်ငွေတွေ စည်းကြပ်ကောက် ခံဖို့အတွက် ၀င်ငွေကြေညာတင်သွင်းတဲ့ ကာ လဖြစ်တဲ့အတွက် လက်ရှိေ ကာက် ခံရရှိထားတဲ့ အခွန်ငွေက အခွန် အကြွေးကျန်တွေ ကားတင်သွင်း တာတွေ အဲဒါတွေကနေ ရထား တာဖြစ်ပါတယ်’’ဟု မန္တလေး တိုင်း ပြည် တွင်းအခွန်များဦးစီး ဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ပြည်တွင်းအခွန်များဦးစီး ဌာနသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ကဏ္ဍ အသီးသီးမှ ကျပ် ၁၅၂ ဘီလီယံကျော် အခွန်ငွေ ကောက်ခံရရှိရန် လျာထားပြီး ပထမဆုံးသုံးလတွင် ကျပ် ၁၆ ဘီလီယံကောက်ခံရရှိထားသည်။
ထို့ကြောင့် လျာထားချက်၏ ၁၀ ရာခိုင်နှုန်းကို ရရှိထားပြီးဖြစ် ကာ ဇူလိုင် ၁ ရက်မှစ၍ အခွန်ကြီး ကြပ်ကာလသို့ ရောက်ရှိလာပြီ ဖြစ်ရာ အခွန်ကောက်ခံ ရရှိမှုနှုန်း မြင့်တက်လာနိုင်ကြောင်း အကြီး တန်းအရာရှိက ပြောသည်။
‘‘ဒါက အခွန်စည်းကြပ်ကာ လမဟုတ်သေးဘူး။ ၀င်ငွေကြေ ညာလွှာတင်တဲ့ ကာလအတွင်းမှာ ရထားတာဖြစ်ပါတယ်။ အခွန် စည်းကြပ်ကာလက ဒီလ ၁ ရက် နေ့မှစတာ၊ ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရမယ့်အခွန်တွေကို ဒီလမှစပြီး စည်း ကြပ်မှာဖြစ်တဲ့အတွက် အဲဒီ ကျမှ စပြီးလျာထားချက်က ဆက် တိုက်တက် လာမှာဖြစ်ပါတယ်’’ ဟု မန္တလေးတိုင်း ပြည်တွင်းအခွန် များဦးစီးဌာန အကြီး တန်းအရာရှိ တစ်ဦးက ပြောသည်။
မန္တလေးတိုင်းအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ကဏ္ဍ အသီးသီးမှ အခွန်ေ ငွကောက်ခံရ ရှိမှု ကျပ် ၁၆၀ ဘီလီယံအထိရရှိ ခဲ့သည်။
ပြည်တွင်းအခွန်များ ဦးစီး ဌာနသည် အခွန်ငွေကောက်ခံရာ တွင် ၀င်ငွေခွန်၊ ကုန်သွယ်လုပ် ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းအခွန်နှင့် အောင် ဘာလေသိန်းထီအခွန်ဟူ၍ ငါး မျိုးကောက်ခံနေသည်။
Credit: 7DayDaily