ဂျပန်အစိုးရ၏ ချေးငွေအကူအညီဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အတွက် တောင်သူများကို ဂျပန်ယမ်းငွေ ၁၅,၁၃၅ သန်း (မြန်မာကျပ်ငွေ သန်းပေါင်း တစ်သိန်းကိုးသောင်းကျော်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းချေးငွေသဘောတူညီချက်သည် ဂျပန်အစိုးရလက်အောက်ရှိ ဂျပန် အြ ပည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာ အစိုး ရအကြား တရားဝင်ဖွံ့ဖြိုး တိုးတက်မှု အကူအညီချေးငွေ (ODA Loan) ဆိုင် ရာ သဘောတူညီချက်ခြောက်ခု ရေးထိုးထားမှုအတွင်းမှ တစ်ခုဖြစ်သည်။
ထိုသို့ရေးထိုးခဲ့သည့် သဘောတူညီချက် ခြောက်ခုထဲတွင် စိုက်ပျိုးရေးနှင့်ေ ကျးလက် ဒေသဖွံ့ဖြိုးမှုအတွက် နှစ်ဆင့်ချေးငွေစီမံကိန်းအပါအဝင် ပဲခူးမြစ် ကူးတံတားတည်ဆောက်ရေး စီမံကိန်းအတွက် ဂျပန်ယမ်း ၃၁ဝ,ဝ၅၁ သန်း၊ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့် ၂) အတွက် ဂျပန်ယမ်း ၂၃,၉၇၉ သန်း၊ ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်း (အပိုင်း“ခ (၁)အတွက် ဂျပန်ယမ်း ၂၅,ဝဝဝ သန်း၊ အဓိကမြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ဂျပန် ယမ်း ၄,၈၅၆ သန်းနှင့် ရန်ကုန်-မန္တလေးမီးရထားလမ်းဖွံ့ဖြိုးတိုးတက်မှု စီမံ ကိန်း၏ အဆင့်-၁ (အပိုင်း ၂)အတွက် ဂျပန်ယမ်း ၂၅,ဝဝဝ သန်း စသည် တို့ပါဝင်ကာ စုစုပေါင်း ဂျပန်ယမ်းငွေ ၁၂၅,ဝ၂၁ သန်းကို ချေးငွေ အကူအ ညီပေးရန် ဂျပန်အစိုးရလက်အောက်ရှိ JICA နှင့် နှစ်နိုင်ငံအကြား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း
ဖြစ်သည်။
အဆိုပါ ချေးငွေသဘောတူညီမှု ခြောက်ခုကို ယခုနှစ် မတ်လအတွင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် JICA ဥက္ကဋ္ဌ Mr Shinnichi Kitaoka တို့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု နှစ်ဆင့်ချေးငွေအတွက် အကောင်အ ထည်ဖော် စီမံခန့်ခွဲရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက် ရှိ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့လယ်ယာဘဏ်နှင့် JICA မှ တာဝန်ရှိသူများက ဇူလိုင်လ ပထမအပတ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ယင်းချေးငွေအတွက် နှစ်စဉ်အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ဖြစ်ပြီး ဆိုင်းငံ့ကာ လ ၁ဝ နှစ်အပါအဝင် ပြန်ဆပ်ကာလ နှစ် ၄ဝ ဖြစ်ပြီး နှောင်ကြိုးမဲ့ချေးေ ငွဖြစ်သည်ဟု JICA မှ သိရသည်။
အဆိုပါချေးငွေအတွက် လွှတ်တော်က အတည်ပြုထားပြီဖြစ်ပြီး တောင်သူ လယ်သမားများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြန်လည်ချေးရာတွင် အတိုးနှုန်းရှစ်ရာခိုင်နှုန်းဖြင့် ချေးမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။
''အဲဒါက လွှတ်တော်တင်ပြီးသား။ လွှတ်တော်ကလည်း ခွင့်ပြုချက်ရပြီးသား။ ဒါက စစချင်းမှာ ဘယ်ပြည်နယ်နဲ့ တိုင်းကို ချေးမယ်။ ပြီးရင် ဒုတိယနှစ်ကျရင် ဘယ်ပြည်နယ်တိုင်းကို ဆက်ချေးမယ်။ ဒီလို အစီအစဉ်နဲ့သွားမှာ''ဟု ၄င်း က ပြောသည်။
JICA က စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အတွက် နှစ်ဆင့်ချေးငွေ (two-step loan) စီမံကိန်းအတွက် ဂျပန်ယမ်းငွေ ၁၅,၁၃၅ သန်း ချေးမည်ြ ဖစ်ပြီး ယင်းသည် လယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှု ချေးငွေရယူနိုင်မည့် လမ်းကြောင်းကို မြှင့်တင်ပေးရန်နှင့် သီးနှံထွက်ကုန်၊ ထုတ်ကုန်များတိုးတက်လာစေရန်တို့ ဖြစ်သည်။
အဆိုပါချေးငွေကို ထုတ်ချေးရာတွင် လယ်ယာကဏ္ဍတွင် ဆောင်ရွက်နေ သည့် တောင်သူ လယ်သမားများအတွက် မဖြစ်မနေလိုအပ်သော လယ်ယာ သုံး စက်ကိရိယာများ၊ လယ်ယာလုပ်ငန်းကိုအခြေခံသည့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် စိစစ်ထုတ်ချေး
ပေးမည်ဖြစ်ပြီး ထိုသို့ချေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည် ဖော်ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။
ချေးငွေထုတ်ချေးရာတွင် လယ်ယာကဏ္ဍ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် စက်မှုလယ်ယာ နှင့်စိုက်ပျိုးရေး အခြေခံ စီးပွားရေးလုပ်ငန်းများ ကို ဖော်ဆောင်နိုင်သည့် လုပ်ငန်းများ၊ စက်မှု
လုပ်ငန်းများကို ဖော်ဆောင်နိုင်သည့် လုပ်ငန်းများနှင့် စက်ကိရိယာများကို ဦးစားပေးထုတ်ချေးရန် မူဝါဒချမှတ်ထားကြောင်း သိရသည်။
စိုက်ပျိုးရေးထုတ်လုပ်မှုပမာဏ မြင့်မားသော စိုက်ဧကများပြားသော တိုင်းဒေသကြီး၊ပြည်နယ်၊ မြို့နယ်များကို ဦးစားပေးရွေးချယ်ရန်၊ တစ်နှစ်တာ ပတ်လုံး စိုက်ပျိုးထုတ်လုပ် နိုင်သည့်ဒေသများကို ဦးစားပေးရွေးချယ်ရန် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက ပါဝင်ဆောင်ရွက်နေသည့် တောင် သူ လယ်သမားများသို့ ထုတ်ချေးရန်ဖြစ်ကြောင်း သိရသည်။
Credit: Myanmar Time