မြန်မာနိုင်ငံသည် ဘိလပ်မြေကို အာဆီယဲံနိုင်ငံများထဲတွင်တင်သွင်းမှု
ဒုတိယ အများဆုံး နိုင်ငံအဖြစ်ရပ်တည်နေကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ပြည်ပမှ တင်သွင်းခြင်းထက် ပြည်တွင်း ၌
ထုတ်လုပ်ရေးကိုသာ အဓိက ဦးစားပေး သင့်ကြောင်း
ရွေတောင် ဘိလပ်မြေကုမ္ပဏီလီမိတက်မှ အမှုဆောင်အရာရှိချုပ်ကိုအောင်ဇော်နိုင်ကပြောသည်။
လက်ရှိတွင် ပြည်ပမှ ဘိလပ်မြေကို တင်သွင်းနေရသောကြောင့်
ငွေလဲနှုန်း မငြိမ်သက်ခြင်း ဝေးလံခေါင်ဖျားသော ဒေသများတွင် သယ်ယူစရိတ်ကြီးမြင့် နေခြင်းများဖြင့်ကြုံတွေ့ နေရကြောင်း ကိုအောင်ဇော်နိုင်ကဆိုသည်။
မြန်မာနိုင်ငံတွင် လူတစ်ဦးက ဘိလပ်မြေအသုံးပြုမှုမှာ ကီလို၂၀၀သာရှိပြီး အခြေခံ အဆောက်အအုံ ပိုင်းတွင် ဖွံဖြိုးမှုနှေးကွေးနေသောကြောင့်
ဘိလပ်မြေ အသုံးပြူမှူုနည်းပါးနေခြင်းလည်းဖြစ်ကြောင်း
၎င်းကပြောသည်။
ပြီးခဲ့သည့်နှစ်က ဘိလပ်မြေတင်သွင်းမှုမှာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တန်ချိန်တစ်သန်းကျော် အထိရှိခဲ့ပြီး၂၀ရာခိုင်နှုန်းမှာပြည်ပမှ ၀ယ်ယူအသုံးပြုနေရသည်။
အထူးသဖြင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံမှ ဘိလပ်မြေ ကို အများဆုံး ၀ယ်ယူ အသုံးပြုနေရကြောင်း ၄င်းကပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင်ကျောက်မီးသွေးထွက်ရှိ
ရာဒေသများဖြစ်သောမန္တလေးတိုင်း၊
စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်တို့တွင် ဘိလပ်မြေစက်ရုံ ၁၈ခုမှာ လည်ပတ်ထုတ်လုပ်လျှက်ရှိကြောင်းသိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com