ကမ္ဘာ့စီးပွားရေးအခြေအနေ ပြန်လည်နားလန်ထူလာတာနဲ့
အမျှ လာမယ့်နှစ်တွေအတွင်း လာအိုနိုင်ငံကတော့ ဒေသ
တွင်း အမြန်ဆန်ဆုံးနှုန်းနဲ့ တိုးတက်မယ့် စီးပွားရေးနိုင်ငံ
အဖြစ် ဆက်ရှိနေဦးမှာဖြစ်တယ်ဆိုပြီး နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ပြောကြားကြပါတယ်။
၂၀၁၇-၁၉ ကြားကာလအတွင်း လာအို စီးပွားရေးဟာ အကောင်းဆုံးတိုးတက်မှုနှုန်းထားဖြစ်တဲ့ ခုနစ် ရာခိုင်နှုန်း
ခန့်နဲ့ တိုးတက်လာဖို့ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ဖော်
ခန့်မှန်းထားပါသေးတယ်။
အာဆီယံ အသိုက်အ၀န်းနဲ့ နီးနီးကပ်ကပ် ရှိနေတာကနေ
တဆင့် တိုးတက်မှုအခွင့်အလမ်းတွေ ရရှိနေသလို ယင်းနိုင်
ငံရဲ့ လျှပ်စစ်ထုတ်စီမံကိန်းတွေ အလားအလာကောင်းမွန်နေ
တာတွေကြောင့် ယခုလို အတိုးတက်ဆုံးနှုန်းထားနဲ့ တိုးတက်
မယ်လို့ခန့်မှန်းရတာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
အလားတူ ကမ္ဘာ့လူသုံးကုန်ပစ္စည်းဈေးနှုန်းပိုင်း ပြန်ကောင်း
လာတာကလည်း သတ္ထုနဲ့ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်ထွက်
ရှိမှုကို ထောက်ကူပေးနိုင်သလို လမ်းပန်းဆက်သွယ်ရေးပိုမိုတိုး
တက်လာတာကလည်း ခရီးသွားလုပ်ငန်းတိုးတက်မှုတွေကို ပိုမိုအဆင်ပြေချော့မွေ့စေနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်က
ဆိုထားပါတယ်။
တစ်ချိန်တည်းမှာပဲ အခြားသော နိုင်ငံတကာအဖွဲ့အစည်း
တစ်ခုဖြစ်တဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွှဲု့ IMF က
လည်း လာအိုစီးပွားရေးကို ယခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း
နဲ့ တိုးတက်မယ်လို့ ခန့်မှန်းထားပါသေးတယ်။
“ နိုင်ငံမှာ ရှိနေတဲ့ ရေအားလျှပ်စစ်ထုတ်စီမံကိန်းအများအပြား အပြီးသတ်နိုင်ဖိုရှိနေပြီး လာမယ့်နှစ်မှာ စတင်လည်ပတ်နိုင်ဖို့
ရှိနေတာက ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ IMF တို့က ရှုမြင်
ထားကြပါတယ်” လို့ လာအို အလွတ်တန်းစီးပွားရေးပညာရှင်
Dr Mana Southichak က ပြောကြားသွားပါတယ်။
Credit: SFJ Strategy First