ကမ္ဘာ့စီးပွားရေးတိုးတက် မှုအမြန်ဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အ ဆင့် (၉) နေရာ ၌ ရပ်တည်နေပြီး စီးပွားရေး တိုး တက်နှုန်း ၆ ဒသမ ၉ ရာ ခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော Global Economic Prospects အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်နှုန်းသည် ၂ ဒသမ ၇ ရာ ခိုင်နှုန်းရှိ မည်ဖြစ်ပြီး မြန်မာနိုင်ငံ က ယခင်နှစ်များတွင် ကမ္ဘာ့စီးပွား ရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံအ ဖြစ် တည်ရှိခဲ့ရာမှ ယခုနှစ်၌ အ ထက်ပါအဆင့်သို့ ကျဆင်း ခဲ့ ကြောင်း ၂၀၁၇ ဇွန်တွင် ထုတ် ပြန်သော အဆိုပါအစီရင်ခံစာ၌ ဖော်ပြ ထားသည်။
အဆိုပါ အစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအမြန် ဆုံးနိုင်ငံသည် အီသီယိုးပီးယား နိုင်ငံဖြစ်ပြီး စီးပွားရေးတိုးတက်မှု နှုန်း ၈ ဒသမ ၃ ရာခိုင်နှုန်ြး ဖစ်မည် ဟု ဆိုထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၇ တွင် စီးပွားရေးတိုးတက်နှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိမည်ဖြစ်ပြီး ၂၀၁၈ တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း နှင့် ၂၀၁၉ တွင် ၇ ဒသမ ၃ ရာခိုင် နှုန်း တိုးတက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင် နိုင်ငံ စီးပွားရေးတိုးတက်မှုသည် ၆ ဒသမ ၉ ရာ ခိုင်နှုန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အထက်တွင် ကမ္ဘောဒီးယားနှင့်အောက်၌ ဖိ လစ်ပိုင် နိုင်ငံက ရပ်တည်နေသည်။ ၂၀၁၈ တွင် ကမ္ဘောဒီးယား က ၆ ဒသမ ၉ နှင့် ဖိလစ်ပိုင်က ၆ ဒသမ ၉ရာခိုင် နှုန်းရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က ခန့်မှန်းထားသည်။ ၂၀၁၉တွင် ကမ္ဘောဒီးယား ၆ ဒသမ ၇ နှင့် ဖိလစ်ပိုင်က ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု အဆိုပါအစီရင် ခံစာ၌ ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားသည်။
မြန်မာအစိုးရက ယခုနှစ် တွင် စီးပွားရေးတိုးတက်မှု ၇ ရာခိုင်နှုန်းတိုးတက် မည်ဟု ခန့် မှန်းထားကြောင်း အစိုးရ၏ ရသုံး မှန်းခြေစာရင်း၌ ဖော်ပြထား သည်။ ကမ္ဘာ့ဘဏ်ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၁၄ တွင် စီး ပွားရေး တိုးတက်မှု ၈ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ နှင့် ၂၀၁၆ တွင် ၇ ဒသမ ၃ နှင့် ၆ ဒသမ ၅ရာခိုင်နှုန်း ရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာ က ဆိုထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ၂၀၁၆ တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၁၇ တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဟု ဆိုထားသည်။
‘‘အစိုးရက မူဝါဒကောင်းတွေ ချမှတ်ပြီးသားပဲ။ ဒါကိုဝန်ကြီးဌာနတွေ က သေ ချာအကောင်အ ထည်ဖော်နိုင်ရင်၊ တကယ်တမ်းလုပ်မယ်ဆိုရင် GDP(စီး ပွားရေး တိုးတက်နှုန်း)က အခုလို ဂဏန်းတစ်လုံးတင်မကဘူး၊ ဂဏန်းနှစ် လုံးတောင် ဖြစ်သွားနိုင်ပါ တယ်’’ ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ဆိုသည်။
‘‘စီးပွားရေးတိုးတက်စနိုင်ငံ တိုင်းမှာ GDPက များတတ်တယ်။ စီးပွားရေးေ ကာင်းပြီးတဲ့ နိုင်ငံတိုင်းက တိုးတက်နှုန်းနည်းတတ် တယ်။ လက်ရှိမြန်မာနိုင် ငံက ဖွံ့ဖြိုးမှုကလည်း အရှိန်ကောင်းလာပြီဖြစ်တော့ မြန်မာ့စီးပွားရေးက ပုံမှန်တက်သွားလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အခြေခံ အဆောက်အအုံေ တွ လိုအပ်နေ သေးတော့ ဒီအတွက် တိုးတက်မှုက အများကြီးလိုပါသေး တယ်’’ဟု စင်ကာပူမှ စွမ်းအင်လုပ်ငန်းရှင် Bradnick ကပြောသည်။
Credit: 7DayDaily