အိမ်ရာတိုက်ခန်းဝယ်ဖို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုး
ရေးဘဏ် CHDB မှာ စာရင်းဖွင့်သူအရေအတွက်
တစ်သောင်း ခွဲကျော်အထိ မြင့်တက်လာနေတယ်လို့
သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနကတည်ဆောက်နေတဲ့တန်ဖိုးနည်းတန်ဖိုးမျှအိမ်ရာတိုက်ခန်းတွေကို ဝယ်ယူရာမှာ CHDB ဘဏ်စာရင်းဖွင့်ထားသူတွေကို ဦးစားပေးရောင်းချခြင်းဖြစ်ပြီး အိမ်ရာတန်ဖိုး ၃၀ ရာခိုင်နှုန်းပြည့်
ပြီးသူတွေကို အိမ်ရာအရစ်ကျ ဝယ်ယူခွင့်ပေးနေတာ
လည်းဖြစ်ပါတယ်။
အခုလကုန်ပိုင်းမှာ ဝန်ကြီးဌာနကတည်ဆောက်ပြီးစီးနေပြီဖြစ်တဲ့ အိမ်ရာတိုက်ခန်း ကိုးရာဝန်းကျင်ကိုရောင်းချ ဖို့စီစဉ်နေပြီး ရွှေလင်းပန်း၊ဒဂုံဆိပ်ကမ်းနဲ့လှိုင်သာယာမှာ တည်ဆောက်ပြီးစီးသွားတဲ့ တိုက်
ခန်းတွေပါဝင်မှာ လည်းဖြစ်ပါတယ်။
လက်ရှိဘဏ်မှာ ငွေစာရင်းဖွင့်ထားတဲ့အထဲက အိမ်ရာအရစ်ကျဝယ်ယူဖို့ တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပြည်တဲ့ အရေအတွက်က တစ်ထောင်
ဝန်းကျင်အထိရှိတယ်လို့လည်း CHDB ဘဏ်ကသိရပါတယ်။
ရောင်းချပေးမယ့် တန်ဖိုးနည်းအိမ်ရာတွေရဲ့တန်ဖိုးက အနည်းဆုံးကျပ်သိန်း ၉၀ ကနေ သိန်း ၁၃၀ ကျော်အခန်း တွေပါဝင်တယ်လို့လည်းသိရပါတယ်။
ငွေစာရင်းပြည်မီသူတွေထဲက လက်ရှိနေထိုင်
ရာနေရာနဲ့နီးတဲ့ တိုက်ခန်း တွေကို ဦးစားပေး
ရောင်းဖို့ရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်။
Credit: SFJ Strategy First