စင်ကာပူနိုင်ငံအခြေစိုက် The Asian Banking and Finance (AB&F) အဖွဲ့ အစည်းမှပေးအပ်သည့် ''၂ဝ၁၇ ခုနှစ်အတွက် နိုင်ငံအလိုက် အကောင်းဆုံး ဘဏ် လုပ်ငန်းဆိုင်ရာဆုများ'' ချီးမြှင့် သည့်အခမ်းအနားကို ဇူလိုင် ၁၃ ရက် ညနေပိုင်းက စင်ကာပူနိုင်ငံရှိ Shangri-La Hotel ၌ ကျင်းပရာ အာရှနိုင်ငံ ၃ဝ ကျော်ရှိ ဘဏ်နှင့် ငွေကြေးဆိုင်ရာလုပ်ငန်း ကုမ္ပဏီ ၁ဝဝ ကျော်မှ အဆင့်မြင့်အရာရှိ ကြီးများ ၃ဝဝ ခန့် တက်ရောက်ကြ သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက်အား နိုင်ငံ တကာဘဏ် လုပ်ငန်းဆိုင်ရာတွင် Best Myanmar Cash Management Bank 2017 နှင့် Best Myanmar Foreign Exchange Bank 2017 ၊ ပြည်တွင်းဘဏ် လုပ်ငန်းဆိုင်ရာတွင် Best Myanmar Retail Bank 2017 ? Best Myanmar Credit Card Initiative 2017 နှင့် Best Myanmar SME Bank 2017စုစုပေါင်းဘဏ်လုပ်ငန်းဆိုင်ရာဆု ငါးဆု ကို ပေးအပ်ချီးမြှင့်ရာ ကမ္ဘောဇဘဏ် လီမိတက်ကိုယ်စား ကမ္ဘောဇအုပ်စု ကုမ္ပဏီမှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က တက်ရောက်လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
AB&F အဖွဲ့အစည်းသည် နိုင်ငံ တကာစီးပွားရေးနှင့် ဘဏ်လုပ်ငန်း များကို အမြဲမပြတ်လေ့လာသုံးသပ် အကဲဖြတ်နေသည့် အဖွဲ့အစည်းကြီး ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ငွေကြေးဆိုင်ရာ စာရင်းအဖွဲ့အစည်း လေးခုဖြစ်သည့် KPMG ၊ Deloitte ၊ Ernst and Young နှင့် PwC တို့က ဆုများကို ဦးဆောင် စိစစ်ရွေးချယ်ပေးခြင်းဖြစ် သည်။
Credit: MOI Webportal Myanmar