ရန်ကုန်မြို့လယ်တွင် တည်ဆောက်မည့် ရိုးမစင်ထရယ် စီမံကိန်းကို လေးနှ စ်ကျော် အချိန် ယူတည်ဆောက်မည်ဟု Yoma Strategic Holding ကုမ္ပဏီ မှ အိမ်ခြံမြေလုပ်ငန်း အကြီးအကဲ မစ္စ တာ ဆိုင်းရပ်စ်ပန်က ပြောကြား သည်။
မီးရထားရုံးချုပ်ဟောင်းကို ပြန်လည်ပြင်ဆင်မည့် Peninsula ဟိုတယ် မပါ ဝင်ဘဲ အခြားအစိတ် အပိုင်းအားလုံးအတွက် ကန် ဒေါ်လာ သန်း ၆၀၀ ကျော် ကုန်ကျမည်ဖြစ်သည်။
အိမ်ခြံမြေနှင့် ဆောက်လုပ် ရေးလောကတွင် နာမည်ရလာ သည့် ရိုးမက တည်ဆောက်မည့် စီမံကိန်းသည် မူလက Land MarkDevelopment စီမံ ကိန်းဆိုသော နာမည်မှ Yoma Central Project ဟု ပြောင်းလဲထားခြင်းဖြစ် သည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်း ဝင် မြန် မာ့မီးရထားရုံးချုပ် ဟောင်းကို ရှေးမူမပျက် ပြင်ဆင် ၍ ဟိုတယ်အဖြစ် အေ ကာင် အ ထည်ဖော်ခြင်းအပါအဝင် လူနေ အိမ်၊ ရုံးခန်းများပါဝင်သော Land Mark Development Yoma Central တည်ဆောက်ရေးစီမံ ကိန်း စတင်နေ ပြီဖြစ်သည်။
ရန်ကုန်မြို့လယ်ရှိ မြေ ၁၀ ဧကပေါ်တွင် လုပ်ဆောင်မည့် စီမံကိန်း၌ Peninsula ဟိုတယ် အပြင် ရုံးခန်းများပါရှိသော တာဝါနှစ်လုံး၊ ဟိုတယ် တစ် လုံးနှင့် လူ နေအိမ်ခန်း (Apartment)များ ပါဝင်မည်ဖြစ်သည်။
FMI ကုမ္ပဏီ၏ ယခုစီမံကိန်းသည် သန်လျင်မြို့နယ် စတားစီးတီး အိမ်ရာ စီမံကိန်းကဲ့သို့ ရင်းနှီး မြှုပ်နှံမှု ပမာဏများပြားသည့် စီမံကိန်းဖြစ်ပြီး ဟိုတယ်နှ င့် အ ဆောက်အအုံများ တည်ဆောက် မှုတွင် FMI အတွက် ပွဲဦးထွက် စီမံ ကိန်းဖြစ်သည်။
စီမံကိန်းတွင် မြန်မာဘက်မှ FMI က ၁၂ ရာခိုင်နှုန်းနှင့် Yoma Strategic က ၄၈ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းဖြစ် ပြီး ဂျပန်နိုင်ငံ မစ်ဆူ ဘီ ရှီကော်ပို ရေးရှင်းက ၃၀ ရာခိုင်နှုန်း၊ The International Finance Cor-poration (IFC)က ၅ ရာခိုင်နှုန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်း ဆောင်ရွက်နေသည်။ Peninsula Yangon ဟိုတယ် စီမံကိန်းကို FMIက ၆ရာခိုင်နှုန်း၊ Yoma Strategic က ၂၄ ရာခိုင်နှုန်း၊ Hongkong and Shanghai Hotels Limitedက ၇၀ ရာခိုင်နှုန်းဖြင့် ပူးေ ပါင်း ဆောင်ရွက်ထားသည်။
Credit: 7DayDaily