ယခုလအတွင်း ပြည် တွင်းအခေါက်ရွှေဈေးသည် တစ် ကျပ်သားလျှင် ကျပ်နှစ်သောင်းခွဲ ကျော်ကျဆင်းပြီး အရောင်းအ ဝယ် နည်းပါးနေကြောင်းေ ရွှလုပ် ငန်းရှင်များက ပြောသည်။
ပြည်တွင်းရွှေဈေး ကျဆင်း ခြင်းသည် ကမ္ဘာ့ရွှေဈေးကျခြင်း ကြောင့်ဖြစ်ပြီး ယခုလအတွင်း အကျဘက်သို့ စတင်လာကြောင်း မန္တလေးမြို့ အောင်သမာ ဓိရွှေ ဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လက အ ခေါက်ရွှေ တစ်ကျပ်သားလျှင် အ မြင့်ဆုံး ၉၁၄,၀၀၀ ကျပ် ပေါက် ဈေးရှိခဲ့သော်လည်း ဇူလိုင်လဆန်းတွင် အနိမ့်ဆုံး ၈၈၆,၀၀၀ေ ကျာ် အထိ ပြန်လည်ကျဆင်းလာ သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန်လ အတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၂၄၀ အထိရှိခဲ့သော် လည်း ဇူလိုင်လဆန်း တွင် ၁,၂၀၄ ဒေါ်လာအထိ ကျဆင်းခဲ့သည်။
ဇူလိုင် ၁၄ ရက်တွင် ပြည် တွင်းငွေလဲနှုန်း ပြန်လည်မြင့် တက်လာ၍ အေ ခါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၈၉၀,၀၀၀ ကျော် ဈေးပြန်ေ ရာက်ခဲ့ေ ကြာင်း ဈေးကွက်မှ သိရသည်။
Credit: 7DayDaily