နိုင်ငံခြားမှ ချေးငွေရယူနိုင်ရန် ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများကို ဗဟို ဘဏ်က ယနေ့အချိန်ထိ ခွင့်ပြုထားခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့် ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပြောသည်။
ရန်ကုန်နှင့် မန္တလေးတိုင်းတို့ တွင် ပြည်ပနိုင်ငံများမှ ငွေချေးလိုသူများ ကိုေ လျှာက်လွှာစာရွက်စာ တမ်းကြေး၊ ငွေချေးလိုသည့်ပမာ ဏအတွက် အာမ ခံကြေးစသည် တို့ ရယူပြီး ချေးငွေရရှိရန် ဆောင်ရွက်ပေးမည့် အဖွဲ့အ စည်း များ ပေါ်ထွက်နေသည်ကို သိရ ကြောင်း ဦးဝင်းသော်က ပြော သည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အမေရိကန်အပါအ၀င် နိုင်ငံတကာ မှ ချေးေ ငွရယူနိုင်ရန် ဆောင်ရွက်ပေးမည်ဆိုသည့် လုပ်ငန်း၊ အဖွဲ့အစည်းများသည် ဗဟို ဘဏ်က တရားဝင်ခွင့်ပြုထားခြင်း မရှိသဖြင့် အများပြည်သူအနေဖြင့် ယုံကြည်လက်ခံခြင်း မပြု လုပ်ရန် ၎င်းက သတိပေးပြော ကြားသည်။
‘‘နိုင်ငံခြားက ချေးငွေယူမယ် ဆိုရင် ဗဟိုဘဏ်က ခွင့်ပြုမှယူ ခွင့်ရှိတယ်။ ဗ ဟိုဘဏ်က အခုအ ချိန်ထိ ခွင့်ပြုထားတဲ့ အဖွဲ့အ စည်းမရှိသေးဘူး။ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက ငွေချေးခွင့် ရအောင်လုပ်ပေးမယ်ဆိုရင် ဒါ လိမ် တာပဲ’’ ဟု ဦးဝင်းသော်က ပြောသည်။
ပြည်ပမှ ချေးငွေများ ရယူ ရာတွင် ဗဟိုဘဏ်ခွင့်ပြုချက်မရှိ ပါက ပြည်တွင်း ဘဏ်များကို ထုတ်မပေးရန် ညွှန်ကြားထား ကြောင်း ၎င်းကဆိုသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ် များမှာ ဗဟိုဘဏ်ညွှန်ကြားချက် အတိုင်း ဆောင် ရွက်နေခြင်းဖြစ် ပြီး လက်ရှိအချိန်ထိ ပြည်ပမှ ချေးငွေ အတွက် ငွေလွှဲပေးပို့မှု မရှိ သေးကြောင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုမှ အကြီးတန်းအရာရှိ တစ် ဦးက ပြောသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၉ -က)တွင်လည်း ပြည်တွင်း၌ နေ ထိုင်သူသည် ပြည် ပမှ ချေးငွေရယူရာ၌ ငွေသားဖြင့် ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်ေ စ ချေးယူ ခြင်းတို့ကို ဗဟိုဘဏ်၏ သတ် မှတ်ချက်နှင့်အညီ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဖော်ပြထား သည်။ထို့အတူ နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုစည်း မျဉ်း စာပိုဒ်(၄၈)တွင် ပြည်တွင်း၌နေထိုင်သူသည် ပြည် ပမှ ချေးငွေ ရယြူ ခင်း(သို့မဟုတ်) ပြည်ပမှအခြားနည်းလမ်းဖြင့်ချေး ငှားခြင်းတို့ကဲ့သို့သော စာရွက်စာ တမ်း အထောက်အထားများကို ဆောင်ရွက်သည့်အခါတိုင်း ဗဟို ဘဏ်က အခါအားလျော်စွာထုတ် ပြန်သည့် ညွှန်ကြားချက်နှင့်အညီ ကြိုတင် ခွင့်ပြုမိန့်တောင်းခံရမည် ဟု ဖော်ပြထားသည်။
ပြည်တွင်း ကုမ္ပဏီလုပ်ငန်း ရှင်များကို ပြည်ပမှ ချေးငွေ ရယူ ဆောင်ရွက် ရာ တွင် ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဟုလည်း ဖော်ပြထားသည်။
Credit: 7DayDaily