Entrepreneur တွေ၊ freelancers တွေနဲ့ တည်ထောင်စလုပ်ငန်း
ငယ်လေးတွေအတွက် အတူတူဝေမျှသုံးနိုင်တဲ့ ရုံးခန်းနေရာတွေနဲ့
ဝန်ဆောင်မှုတွေ ထောက်ပံ့ငှားရမ်းပေးနေတဲ့ အမေရိကန်ကုမ္ပဏီ WeWork အနေနဲ့ နောက်ထပ်ရန်ပုံငွေ ဒေါ်လာ သန်း ၇၆၀ ထိ
ထပ်မံစုဆောင်းနိုင်ခဲ့ပြီး ယခုအခါ ဈေးကွက်တန်ဖိုးဟာ အထင်ကရ
ကုမ္ပဏီတစ်ချို့ထက်တောင် ပိုမိုသာလွန်လာနေပြီ ဖြစ်တယ်လို့
သိရပါတယ်။
ယခုဆိုရင် ခန့်မှန်းခြေအားဖြင့် ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလီယံ
၂၀ ရှိနေပြီ ဖြစ်တဲ့ WeWork အနေနဲ့ အခြားကုမ္ပဏီတွေဖြစ်ကြတဲ့
Twitter ( ဒေါ်လာ ၁၂ ဒသမ ၉၆ ဘီလီယံ) ၊ Box (ဒေါ်လာ ၂ ဒသမ ၄၄
ဘီလီယံ) နဲ့ Blue Apron ( ဒေါ်လာ ၁ ဒသမ ၅၄ ဘီလီယံ) တို့
သုံးခုပေါ့င်း တန်ဖိုးထက်တောင် ပိုသာနေပြီ ဖြစ်တယ်လို့ သိရပါ
တယ်။
ယခုလိုမျိုး များပြားလှတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်
ကတော့ထုတ်ပြန်ပြောဆိုထားခြင်းတော့ မရှိသေးပါဘူး။
၂၀၁၀ မှာ စတင်တည်ထောင်ခဲ့တဲ့ WeWork အနေနဲ့ ယခုအချိန်
မှာတော့ ကမ္ဘာတစ်ဝှမ်း ရုံးပေါင်း ၁၅၆ ခုမှာ ယင်းရဲ့ဝန်ဆောင်မှုကို
ရယူအသုံးပြုနေတဲ့ မန်ဘာအရေအတွက် ၁၂၀,၀၀၀ ကျော်ကို ရရှိ
ထားပြီး ဖြစ်ပါတယ်။
Entrepreneur တွေ၊ freelancers တွေ၊ အလုပ်ကို အဝေးကနေ
လှမ်းပြီးလုပ်ပေးသူတွေဟာ WeWork မှာ အခြေစိုက်ကြရုံနဲ့ ကုမ္ပဏီ
က ကမ်းလှမ်းတဲ့ ၀န်ဆောင်မှုတွေဖြစ်တဲ့ အခမဲ့ကော်ဖီ၊ အစည်း
အဝေးခန်းတွေ၊ သီးသန့် စည်းဝေးခန်းတွေနဲ့ networking events
တွေ ပါ အသုံးပြုရယူနိုင်မှာဖြစ်ပါတယ်။
အဆိုပါ WeWork အနေနဲ့ ပြီးခဲ့တဲ့ မေလကတုန်းကလည်း fitness
လုပ်ငန်းထဲ ၀င်ရောက်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ permanent gym တစ်ခုကိုပါ ဖွင့်လှစ်ဖို့ရှိနေတယ်လို့သိရပါတယ်။
အနာဂတ်ကာလမှာတော့ လူအဖွဲ့အစည်းအတွင်း သိုက်သိုက်ဝန်းဝန်း
စုရုံးနေထိုင်နိုင်မယ့် ရုံးခန်းတွေ၊ လူနေအိမ်ယာတွေ၊ ကိုယ်ကာယ
လေ့ကျင့်မှုအခန်းတွေ၊ နောက်ဆုံး ဆံပင်ညှပ်ဆိုင်တွေအထိ ပါဝင်တဲ့
ဂေဟစနစ်တစ်ခုကို ဖန်တီးဖို့က ၎င်းနဲ့အတူ ကုမ္ပဏီပူးတွဲတည်ထောင်
သူ Adam Neumann တို့ ရဲ့ မျှော်မှန်းချက်ဖြစ်တယ်လို့ WeWork ရဲ့
chief creative officer ဖြစ်တဲ့ Miguel McKelvey က ပြောသွား
ပါတယ်။
Credit: SFJ Strategy First