ယခုဘဏ္ဍာရေးနှစ် ဇူလိုင်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်ရှိလာ

ယခုဘဏ္ဍာရေးနှစ် ဇူလိုင်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်ရှိလာ - Property News in Myanmar from iMyanmarHouse.com
14 Jul 2017 10:47 am တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး
ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ဇူလိုင်လလယ်အထိ ဘဏ္ဍာနှစ် သုံးလကျော် ကာလအတွင်း မြန်မာနိုင်ငံတွင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ဇူလိုင်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၃ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၇၆၈ ဒသမ ၅၂၅ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိဒေါ်လာ ၂၉၈၉ ဒသမ ၈၁၃ စီးဝင်ခြင်းဖြစ်သည်။

ယင်းအပြင် အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၂၇ ဒသမ ၄၈ဝ သန်း ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁၁၇ ဒသမ ၂၉၃ သန်း (သုံးဘီလီယံ ကျော်) စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယမန်နေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထားမှုမှာ စင်ကာပူနိုင်ငံမှဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ဝ၉၁ ဒသမ ၇၁ သန်း၊ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားမှုမှာ တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅၃ဝ သန်းကျော်၊ တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားမှုမှာ နယ်သာလန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၁ဝ၇ သန်းဖြစ် ကြောင်း သိရသည်။ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍမှာ စက်မှုလုပ်ငန်း ဖြစ်ပြီး ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်းမှာ အိမ်ရာ အဆောက်အအုံလုပ်ငန်းဖြစ်ကာ တတိယအများဆုံးမှာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရသည်။

''ဒီဘဏ္ဍာနှစ်ရဲ့ သုံးလကျော် ကာလမှာကိုပဲ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်သွားပါပြီ။ လျာထားချက်က ခြောက်ဘီလီယံ ဖြစ်ပေမယ့် အခုမှ သုံးလတာကာလရှိသေးတယ်ဆိုတော့ လျာထားချက်ကို ကျော်လွန်ပြီး အလားအလာကောင်းနိုင်မယ်လို့ ယူဆပါတယ်။ ဒီနှစ်က ပုံမှန် အတိုင်း ရင်းနှီးမြှုပ်နှံမှုက စီးဝင်နေပြီးတော့ မနှစ်က အနေအထားထက် ကျော်လွန်တယ်လို့ ပြောလို့ရပါတယ်။

ရင်းနှီးမြှုပ်နှံမှုဝင်ရောက်တာ နည်းတယ် လို့ ပြောလို့မရပါဘူး။ အများကြီးလာမယ် မျှော်လင့်ထားလို့သာ နည်းတယ်လို့ ထင်နေရတာပါ''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းအပြင် ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ယခုနှစ်ဇူလိုင်လလယ်အထိ လုပ်ငန်း ၃၃ ခု၊ အမေရိကန်ဒေါ်လာ ၃၉၆ ဒသမ ၈၇၃ သန်း အပါအဝင် ငွေကျပ် ၈၃၉၁၈ဝ ဒသမ ဝ၂၃ သန်းဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၃၉၂၉၃ ဒသမ ၄၂၃ သန်း စီးဝင်ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး ၁ဝ/၂ဝ၁၇ ကို ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးပွဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၁၆ ဒသမ ၅၉၃ သန်းနှင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၁၅၅ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါ ခွင့်ပြုလုပ်ငန်း ၂၇ ခုမှာ စက်မှုကဏ္ဍလုပ်ငန်း ၁၄ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ နှစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတစ်ခု၊ အခြားဝန်ဆောင်မှုလုပ်ငန်း ခုနစ်ခု၊ အိမ်ရာအဆောက်အအုံ တည်ဆောက်မှုဖွံ့ဖြိုးမှုကဏ္ဍနှစ်ခုနှင့် စိုက်ပျိုးရေး ကဏ္ဍလုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Magical World
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service