ရွှေတုံးများမှ အခွန်ငါးရာခိုင်နှုန်း မကောက်ရန် သမ္မတရုံးသို့ တင်ပြ

ရွှေတုံးများမှ အခွန်ငါးရာခိုင်နှုန်း မကောက်ရန် သမ္မတရုံးသို့ တင်ပြ - Property News in Myanmar from iMyanmarHouse.com
14 Jul 2017 10:19 am တွင် တင်ခဲ့သည်
1907 ကြိမ် ကြည့်ရှု့ပြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ရွှေတုံးများ ရောင်းချခြင်းအပေါ်မှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း မကောက်ခံရန် ဆုံးဖြတ်ထားသည့်အတွက် ယင်းဥပဒေကို ပြင်ဆင်နိုင်ရန် ဇူလိုင်လ ဒုတိယပတ်အတွင်း၌ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ထိုမှတစ်ဆင့် ယင်းကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကို ပယ်ဖျက်ရန် ဆက်လက်၍ လွှတ်တော်သို့ တင်ပြမည်ဖြစ်သော်လည်း ရွှေထည်များ ရောင်းချခြင်းအပေါ်မှ ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း ကောက်ခံခြင်းကိုမူ ပယ်ဖျက်မည် မဟုတ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၇ အခွန်အကောက် ဥပဒေတွင် ရွှေဆိုင်များ၌ ရွှေတုံးစရောင်းဝယ်ပါက အခွန်ငါးရာခိုင်နှုန်းနှင့် ရွှေထည်များ ရောင်းဝယ်ခြင်းမှ ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း ပေးဆောင်ရန် ထည့်သွင်းထားသည်ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ရွှေတုံးများအပေါ်မှ အခွန်မကောက်ရန် လွှတ်တော်သို့ ပြန်လည် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“အခုတော့ ဝန်ကြီးရုံးနဲ့ သမ္မတရုံးကို တင်ပြီးပြီ။ သမ္မတရုံးကို ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်က တင်ထားတာ။ အဲဒီကနေမှတစ်ဆင့် လွှတ်တော်ကို သဝဏ်လွှာအနေနဲ့ တင်မှာပါ။ သူတို့က မကောက်ဖို့ ဆုံးဖြတ်တယ်ဆို မကောက်ရတော့ဘူးပေါ့”ဟု ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းပြသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၇ အခွန်ဥပဒေကြမ်းကို ရေးဆွဲစဉ်က ရွှေတုံးများပေါ်တွင် အခွန်ကောက်ရန် ထည့်သွင်း ရေးဆွဲထားခြင်း မရှိသော်လည်း ယင်းဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးစဉ် ရွှေတုံးများအပေါ်မှ အခွန် ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရွှေတုံးများအပေါ်မှ အခွန်ငါးရာခိုင်နှုန်း ကောက်ခံခြင်းကြောင့် ရွှေတုံး အရောင်းအဝယ် အေးစက်ခဲ့ပြီး ထိုသို့ အခွန်မကောက်ခံတော့ပါက ရွှေတုံး အရောင်းအဝယ် ပြန်လည် ဖြစ်ပေါ်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service