သိန်းရာကျော်တန်တိုက်ခန်းများ အရစ်ကျစနစ်ဖြင့် အရောင်းအ၀ယ်ဖြစ်နေ

သိန်းရာကျော်တန်တိုက်ခန်းများ အရစ်ကျစနစ်ဖြင့် အရောင်းအ၀ယ်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
14 Jul 2017 9:50 am တွင် တင်ခဲ့သည်
1130 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်အတွင်း ရပ်ကွက်အတွင်းရှိ အရစ်ကျရောင်းချသည့်စနစ်ဖြင့် ကျပ်သိန်းရာကျော်တန်ဖိုးရှိ တိုက်ခန်းများ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ကျပ်သိန်းထောင်ကျော်တန် ကွန်ဒိုတိုက်ခန်းများ ထင်သလောက် အရောင်းအဝယ်မဖြစ်ဘဲ ဈေးကွက်အေးစက်နေပြီး အငှားသာ ရှိကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်မှ ဦးစိုင်းခွန် နောင်က ပြောသည်။

‘‘သိန်းထောင်ကျော်သွားတဲ့ အခန်းတွေက ဝယ်နိုင်စွမ်းအား မရှိတော့ဘူး။ ဝယ်ရောင်းသမား တွေတောင် မဝယ်နိုင်တော့ဘဲ အနေအထားကြောင့် ကွန်ဒိုတိုက် သစ်တွေ ဈေးကွက်မှာ အခန်း တွေများပြီး ဝယ်မယ့်သူမရှိဖြစ်နေ ကြတယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လှိုင်၊ မရမ်း ကုန်းအစရှိသော မြို့နယ်များ၌ တည်ဆောက်သည့် ဆောက် လုပ်ရေးကုမ္ပဏီငယ် အများစု သည် အရစ်ကျစနစ်ဖြင့် ၎င်းတို့၏ တိုက်သစ်များကို ရောင်းချနေကြကြောင်း ထွန်းဆောက်လုပ် ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက ပြောသည်။

သာကေတ၊ ဒေါပုံ၊ သင်္ဃန်း ကျွန်းမြို့နယ်များရှိ ပေ ၂၅×ပေ ၅၀ အကျယ်ရှိ တိုက်ခန်း များသည် ယခင်ကျပ်သိန်း ၆၀၀ မှ သိန်း ၇၀၀ အတွင်းရှိသော်လည်း ယခုအခါကျပ် သိန်း ၄၀၀ နှင့် ၅၀၀ ကြားအထိ ကျဆင်းလာပြီး အရစ်ကျဈေးကွက် အရောင်းအ ဝယ်ကောင်းနေကြောင်း အိမ် ခြံ မြေအကျိုးဆောင်များက ပြော ကြားသည်။

အရစ်ကျစနစ်ဆိုသည်မှာ စတင်ဝယ်ယူချိန်တွင် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းမှ၄၀ ရာခိုင် နှုန်းအထိ ပေးသွင်းရပြီး တစ်လ လျှင် ကျပ် ငါးသိန်းမှ ခုနစ်သိန်း အထိ ပေးသွင်းရသည့် တန်ဖိုး သင့် ကန်ထရိုက်တိုက်ခန်းများ အဓိက အရောင်းအဝယ်ဖြစ်နေ ခြင်းဖြစ်သည်။

အရစ်ကျဖြင့် ဝယ်ယူသူ အများစုက ငွေသွင်းနေစဉ် ကာလ အတွင်း အခန်းကို ငှားရမ်းမှုများ ပြန်လည်ပြုလုပ်နေကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ဝယ်ယူသူအများစုက လူနေ ထိုင်ခွင့် ကျ၊ မကျ လေ့လာ ဝယ်ယူနေကြပြီး ယခင်ကဲ့သို့ ဈေးကစားသူများထက် အမှန်တ ကယ် နေထိုင်ရန် ဝယ်ယူသူများ ပြားလာကြောင်း သိရသည်။

အစိုးရက တည်ဆောက်ပြီး ရောင်းချပေးနေသည့် ကျပ်သိန်း ၁၀၀ ဝန်းကျင်တိုက်ခန်းများသည် ဈေးသက်သာပြီး အရစ်ကျဖြင့် ရရှိ သော်လည်း နေရာအများစုသည် ရန်ကုန်မြို့လယ်နှင့် ဝေးသော ကြောင့် စိတ်ဝင်စားမှုမရှိဘဲ မြို့တွင်းရှိ ကန်ထရိုက်တိုက်ခန်းများ သာ အဓိကဝယ်ယူနေကြခြင်း ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

Infinity@111Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service