ဒီချုပ်အစိုးရသက်တမ်း ဒုတိယနှစ် သုံးလကျော်တွင် ပြည်တွင်းသို့ နိုင်ငံတ ကာမှ ရင်းနှီး မြှုပ်နှံမှုဝင်ရောက်သည့် ပမာဏ ကန်ဒေါ်လာ သုံးဘီလီယံေ ကျာ်ရှိ ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်က သတင်းထုတ်ပြန် သည်။
ယခု ဘဏ္ဍာနှစ်တွင် နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာြေ ခာက်ဘီလီယံ ၀င် ရောက်မည်ဟု မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က ခန့်မှန်းထား သော်လည်း ဧပြီမှ ဇူလိုင် ၁၀ ရက်အထိ သုံးလကျော်အ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မူလခန့် မှန်းထားသည်ထက် ထက်ဝက်ေ ကျာ်ရရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ဒုတိ ယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောသည်။
‘‘တိုင်းနဲ့ ပြည်နယ်တွေက ခွင့်ပြုမယ့်ဟာတွေရော အားလုံး ပေါင်းလိုက်မယ် ဆိုရင် ဒီနှစ်က ရင်းနှီးမြှုပ်နှံမှု အလားအလာအ များကြီး ကောင်းပါတယ်’’ဟု ဦးဆန်းမြင့်က ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ ပင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံ မှုပမာဏက လည်း သုံးလကျော် အတွင်း ကျပ် ၈၃၉ ဘီလီယံကျော်ရှိသည်။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ် နှံမှုများသည် မြန်မာ့စီးပွားရေး တွင် အဓိက အခန်းကဏ္ဍမှ ပါဝင် နေပြီး နည်းပညာရရှိရေး၊ အ လုပ်အကိုင်အခွင့်အ လမ်းများရရှိ ရေးအတွက် အရေးကြီးသည်ဟု စီးပွားရေးပညာရှင် အချို့ကြေ ပာကြားသည်။
လက်ရှိ မြန်မာနိုင်ငံသို့ ၀င် ရောက်နေသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် သည့် ရင်းနှီးမြှုပ်နှံမှုများေ ကြာင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် အတွင်းရေးမှူး ဦးအောင်နိုင် ဦးက ပြောသည်။ ဇူလိုင်အတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ တွင် အလုပ်အကိုင်အ ခွင့်အလမ်း ၇,၁၀၀ ကျော် ဖန်တီး ပေးနိုင်သည်ဟု သိရသည်။
Credit: 7DayDaily