ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ဆောင်ရွက်နေတဲ့ အိမ်ရာစီမံ ကိန်း ၂၆ ခုရှိပြီး ရောင်းချတဲ့ အခန်း တန်ဖိုးက နဂိုရောင်းဈေးတွေထက် အနည်းငယ် မြင့်တက်လာပါ တယ်။
မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက “အခန်းတန်ဖိုးမြင့် တက် လာတာကတော့ လုပ်သားစရိတ်တွေ တက်လာတယ်၊ ပြီးတော့ေ ဆာက်လုပ်ရေး ပစ္စည်းစရိတ်စကတွေက ဈေးများလာတာရယ်၊ အဲဒီလို ဈေး များလာ တော့ အခန်းတန်ဖိုးတွေကို နဂိုဈေးနှုန်းအတိုင်း မရောင်းနိုင်ဘဲေ ခတ်ကာလအခြေအနေအရ အနည်းငယ် မြင့်တက်သွားတာ”လို့ ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ေ ဖ်ာဆောင်ပေးနေတဲ့ အိမ်ရာစီမံကိန်းတွေကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မှာ ကနောင်တန် ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ပုလဲမွန် တန် ဖိုး သင့်အိမ်ရာ၊ အောင်မြင့်မိုရ် အိမ်ရာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အေ န်ာရထာအိမ်ရာစီမံကိန်း၊ မြောက်ဥက္ကလာမှာ ဘောဂဗလအိမ်ရာ စီမံ ကိန်း၊ သန္တာ(၁၇) လမ်းအိမ်ရာစီမံကိန်း၊ ရွှေပေါက်ကံ (၁၄) အိမ်ရာစီမံကိန်း၊ လှိုင် သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအပိုင်း(၂) (၃)၊ ထီးလှိုင်ရှင်အိမ်ရာစီမံကိန်း၊ ရွှေလင်ပန်း Commercial Area အတွင်းက အိမ်ရာစီမံကိန် ၊ ကျန်စစ်သား အိမ်ရာစီမံကိန်းတို့ ရှိပါတယ်။
ဗိုလ်တထောင် မြို့နယ် (၅၁) လမ်း ရှစ်ထပ်ခွဲတိုက် ၁၆ ထပ် business towerအမှတ် (၈၄/၈၈) ဗိုလ်တထောင်လမ်းထောင့်အိမ်ရာစီမံကိန်းနဲ့ (၅၁) လမ်းအိမ်ရာ စီမံကိန်း၊ ပုဇွန်တောင်ရှိလးထပ်တိုက်၊ ဗဟန်း မြို့နယ် လင့် လမ်း ရွှေဂုံ အိမ်ရာ၊ အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာစီမံကိန်း၊ သာကေ တမြို့နယ် water front villa (၃) ၊ရန်ကင်းမြို့နယ် ရှိရန်ရှင်း ကွန်ဒိုမီဒီ ယံ၊ မင်္ဂလာ တောင်ညွန့်ရှိ Atrium ကွန်ဒို ၊ တာမွေမြို့နယ်ကျိုက္ကဆံ လမ်းထောင့် အိမ်ရာ စီမံကိန်း၊ သန်လျင်အောင်ချမ်းသာ အိမ်ရာစီမံကိန်း အပိုင်း (၁) နဲ့ (၂)၊ ရွှေပြည်သာမြို့နယ်ရှိ စက် မှု ဇုန် အပိုင်း (၃) Commercial Area အပိုင်း(၂) အတွင်း အိမ်ရာစီမံကိန်းတွေ ဖြစ်ပါတယ်။
Credit: The Kumdra