အိမ်ခြံမြေ အပေါင်အနှံ ပြန်လည် တွင်ကျယ်ရန် မလွယ်ကူ

အိမ်ခြံမြေ အပေါင်အနှံ ပြန်လည် တွင်ကျယ်ရန် မလွယ်ကူ - Property News in Myanmar from iMyanmarHouse.com
13 Jul 2017 11:39 am တွင် တင်ခဲ့သည်
1999 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် လှုပ်ခတ်မှုနည်းပါးတဲ့နည်းတူ အိမ်ခြံမြေ အပေါင်အနှံ လုပ်ကိုင်မှုကလည်း လက်ရှိအနေအထားအရ တွင်တွင်ကျယ် ကျယ် လုပ်ကိုင်နိုင်ဖို့ ရာခိုင်နှုန်းအလွန်နည်းပါးကြောင်း အိမ်ခြံမြေ အကျိုးေ ဆာင်တချို့က ပြောပါတယ်။

အိမ်ခြံမြေအပေါင်အနှံဟာ ငွေကြေးတောင့်သူတွေနဲ့ ငွေလိုတဲ့ အိမ်မြေ ပိုင် ရှင်တွေကြားမှာ အရင်က လည်ပတ်မှု အားကောင်းခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှု၊ ယုံကြည်မှုတွေနဲ့ လုပ်ကိုင်လို့ ကောင်းခဲ့တဲ့ အပေါင်အနှံဟာ ပြီးခဲ့ တဲ့ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းမှာ သိသိသာသာ အားနည်းလာခဲ့ပြီး လက်ရှိ မှာ ချိန်ဆစရာတွေ များစွာရှိလာတာကို တွေ့ရပါတယ်။

အိမ်မြေအပေါင်ထားတာတွေ နည်းပါးသွားရတဲ့ အဓိကအကြောင်းရင်းတွေ ထဲမှာ အိမ်မြေဈေးကွက် အရောင်းအဝယ်လည်ပတ်မှု နှေးနေတဲ့အချက်က ထိပ်ဆုံးမှာ ရှိနေပါတယ်။

ငွေလိုတဲ့သူ အများစုဟာ အိမ်မြေကို ရောင်းချပြီးမှသာ ကိုယ်ပေါင်နှံတဲ့ ပစ္စည်းကို ပြန်ရွေးနိုင်ကြပါတယ်။ ဒီအနေအထားမှာ အိမ်မြေအရောင်းအ ဝယ် နှေးကွေးတာကြောင့် အိမ်မြေကို နှစ်ကာလကြာ ပြန်မရွေးနိုင်ဖြစ်ပြီး အတိုးများစွာ တက်လာတဲ့ ပြဿနာရှိလာပါတယ်။

အတိုးတက်သထက် တက်လာတဲ့အခါငွေရှင်က အိမ်မြေပိုင်ရှင်ကို ပြန်ရွေးေ စချင်ပေမဲ့ အိမ်မြေပိုင်ရှင်ကလည်း ပြန်မရွေးနိုင်၊ တကယ်တမ်း ရွေးတဲ့ အခါ မှာလည်း ရှိနေတဲ့အတိုးနှုန်းအတိုင်း မပေးနိုင်တာ၊ ဒါမှမဟုတ် မပေးချင်လို့ အတိုးလျှော့ပေါ့ပေးဖို့ တောင်းဆိုတာတွေ ကြုံရဖန် များလာတာကြောင့် အ ခုနောက်ပိုင်းမှာ ငွေရှင်တွေက အိမ်မြေအပေါင်အနှံကို လက်တွန့်လာကြ တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒီလို အိမ်မြေအပေါင်အနှံလုပ်ရာမှာငွေရှင်ရော၊ ပေါင်နှံမယ့် အိမ်မြေပိုင် ရှင်တွေကြားမှာပါ ယုံကြည်ရတဲ့ အာမခံသူကလည်း အရေးပါနေပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အိမ်မြေဈေးကွက်က လည်ပတ်မှုနှေးကွေးနေတဲ့ အခါ နှစ်ဦးနှစ်ဖက် ကတိမတည်နိုင်ကြတော့တာ၊ အငြင်းပွားကြရတာတွေ များလာပြီး တကယ်တမ်း ပြဿနာဖြစ်ရင် ဖြေရှင်းရခက်ခဲတယ်လို့လည်း သိ ရပါတယ်။

နားလည်မှုနဲ့ လုပ်ကြတဲ့ အိမ်မြေအပေါင်အနှံမှာ အတိုးနှုန်းကိုလည်း ချေးယူ တဲ့ ငွေပမာဏ အနည်းအများပေါ် မူတည်ပြီး နှစ်ဦးသဘောတူနိုင်တဲ့ နှုန်းနဲ့ အလုပ်လုပ်ကြလေ့ ရှိပါတယ်။

ယေဘုယျအားဖြင့်တော့ ချေးယူငွေနည်းရင် အတိုးနှုန်းက များစွာမလျော့ တတ်ဘဲ ချေးယူငွေများပြားရင် အတိုးနှုန်းက နည်းပါးတတ်ပါတယ်။ ဒါပေမဲ့ အိမ်မြေပေါင်နှံရာမှာ ကတိကဝတ် စာချုပ်စာတမ်းနဲ့ လုပ်ကိုင်သည်ဖြစ်စေ၊ ပိုင်ဆိုင်မှုကို လက်လွှဲစာချုပ်ချုပ်ထားသည်ဖြစ်စေ တကယ်ပြဿနာဖြစ်လာ ရင် အချိန်ကုန် လူပန်းဖြေရှင်းရနိုင်တာကြောင့် အိမ်မြေအပေါင်အနှံကို လုပ် ကိုင်ဖို့ စိတ်ဝင်စားသူနည်းသထက်နည်းပါးလာကြောင်း အကျိုးဆောင် တချို့ က ပြောပါတယ်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service