သြစတြေးလျရဲ့ လူကြိုက်အများ ဆုံး မြို့ကြီးများရဲ့ ရောင်းလိုအားဟာ ဝယ်လိုအားကို လိုက်မမီဘဲ မလုံ လောက်သေးကြောင်း သိရပါတယ်။
ဆစ်ဒနီနဲ့ မဲလ်ဘုန်းတို့ အပါ အဝင် တစ်နိုင်ငံလုံးအနေနဲ့ ၂.၆ ရာခိုင်နှုန်း ဝယ်ယူမှုတိုးတက်ခဲ့ပါ တယ်။ ၂ဝ၁၁ နောက်ပိုင်း လူဦးရေ ခြောက်ဦးနဲ့ အထက် အိမ်ထောင်စု ဦးရေဟာ ၂ဝ ရာခိုင်နှုန်းတက်လာ ပါတယ်။ ထိုကိန်းဂဏန်းတို့အရ မြို့ကြီးများပါဝင်တဲ့ အိမ်ရာဈေးကွက် တို့ဟာ ရောင်းလိုအားဆက်ပြီး နိမ့်ကျနေဆဲဖြစ် ကြောင်းဖော်ပြနေပါတယ်။
အိမ်ထောင်စု အရေအတွက် တိုးတက်လာမှုက အိမ်ရာပိုင်ဆိုင်မှု ဈေးကွက်ကနေ အငှားဈေးကွက်ကို အားပေးနေတာဖြစ်ပါတယ်။ ဝယ်လို အားက ရောင်းလိုအားထက် သာလွန် နေတာကြောင့်လည်း အိမ်ရာဈေး နှုန်းတက်မှုကို ဦးဆောင်နေတာပါ။ ဝင်ငွေတိုး တက်မှုနှုန်းနဲ့ ယှဉ်ရင်ဆစ် ဒနီက အိမ်ရာငှားရမ်းခ ၂၄ ရာခိုင် နှုန်း မဲလ်ဘုန်းက ၁၇ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ၂ဝ၁၁ ကထက် အိမ်ရာငှားရမ်းခ ၂၅ ရာခိုင်နှုန်းတက်ခဲ့ကြောင်းပါ။
Credit: Zaygwet Journal