စီးပွားရေးပိတ်ဆို့မှု စာရင်းဝင်ခဲ့သဖြင့် ပြည်တွင်း၌ VISA သုံးစွဲသူများ အွန်လိုင်းငွေချေမှု ခက်ခဲနေ

စီးပွားရေးပိတ်ဆို့မှု စာရင်းဝင်ခဲ့သဖြင့် ပြည်တွင်း၌ VISA သုံးစွဲသူများ အွန်လိုင်းငွေချေမှု ခက်ခဲနေ - Property News in Myanmar from iMyanmarHouse.com
13 Jul 2017 10:17 am တွင် တင်ခဲ့သည်
951 ကြိမ် ကြည့်ရှု့ပြီး
အွန်လိုင်းပေါ်၌ငွေပေး ချေခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ အတွက် ခွင့်မပြု ရခြင်းသည် အ မေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ကြောင့်ဖြစ်သည်ဟု အမေရိ ကန် အခြေစိုက် ငွေကြေးဆိုင်ရာ ဝန် ဆောင်မှု VISA ကုမ္ပဏီမှ အရာရှိ တစ် ဦးက Empowering Myanmar Through Technology Summit ၌ ထုတ်ဖော်ပြောကြား သည်။

ဝန်ကြီးဌာနတစ်ခု၏ Chief Information Officer (CIO) က Amazon.com , Apple Store, Play Store နှင့် အခြားသော အွန်လိုင်းပေါ်၌ ငွေပေးချြေ ခင်းလုပ်ငန်းများကို VISA အနေဖြင့် မြန်မာ နိုင်ငံအပေါ် ခွင့်မပြုရခြင်းနှင့်စပ် လျဉ်း၍ မေးမြန်းခဲ့သည့်အပေါ် VISA ကုမ္ပဏီမှ အရာရှိက အထက်ပါ အ တိုင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ယင်း Summit သို့ တက်ရောက်ခဲ့ သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အ လုပ်အမှုဆောင် ဦးမျိုးမြင့်ထွန်း က ပြောသည်။

‘‘VISA ဘာပြောလဲဆိုတော့ ဒါက မြန်မာနိုင်ငံရဲ့ ဆန်ရှင် ကြောင့်လို့ ပြော တယ်။ ဆန်ရှင်မှာ စာရင်းဝင်တဲ့အတွက် အများကြီး ဆက်လုပ်စရာတွေ ရှိသေးတယ် လို့ပြောတယ်။ ဒါက အချက်တစ်ချက်အနေနဲ့ ပြောတာပါ။ေ နာက်တစ်ခုက ဒီပြဿနာတွေ ကို သြဂုတ်လောက်မှာ ပြေလည် သွားလိမ့် မယ်လို့လည်း သူက ပြောတယ်’’ ဟု ကွန်ပျူတာအသင်းချုပ် ဦးမျိုးမြင့်ထွန်း က ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားသည့် စီးပွားရေး ပိတ်ဆို့မှု အား လုံးကို ဖယ်ရှားပေး ရန် အမေရိကန်သမ္မတအိုဘား မားက ၂၀၁၆ အောက် တိုဘာ ၇ ရက်တွင် ညွှန်ကြားချက် ထုတ် ပြန်ခဲ့ခြင်းသည် စီးပွားရေး ပိတ် ဆို့ ရန် အမေရိကန်အစိုးရက၂၀၀၃ ၌ ချမှတ်ခဲ့သည့် လွတ်လပ်မှုဒီမိုကရေစီ အက်ဥပဒေနှင့် ၂၀၀၈ ကချမှတ်သည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ် ဆို့မှု များကို အဆုံးသတ်ဖယ်ရှားခြင်း ဖြစ်သည်။

VISA ကုမ္ပဏီသည် မြန်မာ နိုင်ငံသို့ ၂၀၁၂ က စတင်ဝင် ရောက်လာပြီး ၂၀၁၅ ၌ မြန်မာ နိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခဲ့သည်။ ၂၀၁၇ အတွင်းအကြွေး ဝယ် ကတ် ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် VISA ကတ်အသုံးပြု မှုနှင့် ငွေပေးချေမှု မြင့်တက်လာသည်။ နိုင်ငံတကာငွေပေးချေမှု ကုမ္ပဏီ VISA သည်လက်ရှိအချိန်၌ ပြည်တွင်းဘဏ်များဖြစ်သည့် ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်တို့နှင့် ပူးပေါင်း ကာ VISA အကြွေးဝယ် ကတ်များ ထုတ်ပေးလျက်ရှိပြီး ဇန်နဝါရီမှ ဧပြီအတွင်း မြန်မာနိုင်ငံတွင် VISA ကတ်ကိုင်ဆောင်အသုံးပြုမှု ၈၁ ရာခိုင်နှုန်းတိုး တက်လာခဲ့ကာ ငွေပေးချေမှု အပိုင်း၌ ၈၇ ရာခိုင် နှုန်း မြင့်တက်လာခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

VISA မြန်မာ အနေဖြင့်အ သုံးပြုသူ အရေအတွက်နှင့်ငွေ ပေးချေမှု ပမာဏ ကို ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း ၂၀၁၆ နှင့် ၂၀၁၇ နှိုင်းယှဉ်ပါက VISA ကတ်ဖြင့်ငွေပေးချေမှု ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘VISA ရောက်ရှိလာလို့ အားလုံးအဆင်ပြေသွားပြီလို့ ထင်နေခဲ့တာပေါ့နော်။ တကယ်တော့သူတို့ရောက်လာတာက ပထမခြေလှမ်းပဲရှိသေးတာ။ ကတ် သုံးတဲ့လူတွေ ကျွန်တော်တို့နိုင်ငံထဲမှာ အများ ကြီးရှိလာမှ Apple Store လို မျိုးဟာတွေက ကျွန်တော်တို့မှာ လာပြီးသုံးလို့ရအောင် လုပ်ပေး မှာပေါ့နော်။ ဆန်ရှင်ကလည်း တစ်နည်းအားဖြင့် ဟုတ်တယ်။ ကုမ္ပဏီတိုင်းက Legal ဌာန ရှိတယ်။ အလုပ်လုပ်တဲ့ဌာန ရှိ တယ်။ မလုပ်တဲ့ဌာန ရှိတယ်။ သူ တို့တွေ ကိုယ့်နိုင်ငံဈေးကွက်သေး နေသေးတော့ ကိုယ့်နိုင်ငံဆန်ရှင် ကလွတ်သွားပြီ ဆိုတာ ပြောဖို့အား နည်းနေသေးတာပေါ’’ ဟု VISA ကတ်အသုံးပြုသည့် ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အ သင်း တွဲဖက်အတွင်းရေးမှူး ဦး ထူးမြင့်နောင်ကပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service