မက္ကဆီကိုနိုင်ငံ မာအဒန်ထရို ဟိုတယ်ရှိ ရေကန်ထဲတွင်ဖွင့်လှစ်ထားသည့် ရေပေါ်စားသောက်ဆိုင်သည် ရေထဲမျောနေသည့် ဧရာမ ငှက်သိုက်သဏ္ဌာန်ဖြစ်၍ တစ်မူထူးခြားနေတော့သည်။
ဗိသုကာပညာရှင်က စားသောက်ဆိုင်ကို ဘဲဥသဏ္ဌာန်အမိုးဖြင့် မိုးထားကာ အမိုးတစ်ခုလုံးကို သစ်ခက်ပုံစံအရာဝတ္ထုများဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် ငှက်သိုက်ဒီဇိုင်းကို မှီငြမ်းကာ အဆိုပါရေပေါ်စားသောက်ဆိုင်ကို ပုံဖော်ထားခြင်းဖြစ်သည်။
ထို့ကြောင့်ယင်းဟိုတယ်ရှိ စားသောက်ဆိုင်သုံးဆိုင်အနက် ထိုရေပေါ် စားသောက်ဆိုင်မှာ ထင်ရှားနေတော့သည်။
ထိုစားသောက်ဆိုင်သို့ဟိုတယ်မှ အလွယ်တကူသွား၍ရစေရန်လည်း လျှောက်လမ်းခင်းပေးထားသည်။ အထက်ပါစားသောက်ဆိုင်သည် အပြင်ဒီဇိုင်းဆန်းပြားလှသော်လည်း အတွင်းပိုင်းမှာမူ ဒီဇိုင်းရိုးရှင်းလှသည်။
အတွင်းတွင် ထိုင်ခုံနှင့်စားပွဲများသာချထားပြီး အခြားဆန်းပြားသည့်အရာဟူ၍ မရှိပေ။ အပြင် ဒီဇိုင်းဆန်းကိုအတွင်း ဒီဇိုင်းက လိုက်မပြိုင်ဘဲ ရိုးရှင်းသည့် အပြင်အဆင်ဖြင့်သာ ပံ့ပိုးပေးထားသည်။
Credit: Pyimyanmar