မြို့ပြဒေသများ၌ ကျူးကျော် ရပ်ကွက်များ အလွန် များပြားလာ သည်နှင့်အမျှ ရာဇဝတ်မှုများ တိုး ပွားလေ့ရှိကြောင်းနှင့် ကျူးကျော် ရပ်ကွက်များကို ဖျက် သိမ်း၍ အ ခြားနေရာ၌ ပြန်လည်နေရာချထားပေးလျှင် ၎င်းနေရာသစ်၌
ရာဇဝတ်မှုများ ပေါ်ပေါက်များပြားနေ ဦးမည်မဟုတ်ပါလောဟု ကြံကြံ ဖန်ဖန် ရှုမြင်သူများလည်းရှိ၏။ ဤသည်မှာ ဘဝပြောင်းလျှင် စိတ် ဓာတ်ပါပြောင်းလဲ လာတတ်သော လူ့သဘာဝကို ထည့်သွင်းစဉ်းစားမှု မရှိကြခြင်းကြောင့်ဖြစ်၏။
လူတို့ သည် အိမ်မဲ့ရာမဲ့ (Displaced Person) ဘဝတွင် ဖြစ်ချင်ရာဖြစ်၊ သေ မထူး နေမထူးဟူသော စိတ် ဓာတ်များကိန်းအောင်းလေ့ရှိ၏။
မိမိတို့သည် သီးခြားအပယ်ခံဘဝ (Segregated Society)၌ နေထိုင် ရသည် ဟူသော စိတ်ခံစားချက် များရှိလာကြ၏။ တာဝန်ရှိသူများ က မသိကျိုးကျွန်ပြု ပြီး ဥပေက္ခာဝန် ဆောင်မှုပေးအပ်ထားသော အရပ်(Untapped Informal Settle-ment) ၌သာ နေထိုင်ကြရသည် ဟူသော စိတ်ဒဏ်ရာလည်း ရရှိ လာ၏။
နောက်ဆုံးတွင် ဘယ်သူ သေသေ ငတေမာလျှင် ပြီးရောဟူ သောစိတ်ဖြင့် ဒုစရိုက်အကျင့်များ ကို အခြားသော ဆင်းရဲနွမ်းပါးသူ တို့ထက် ပိုမိုလွယ်ကူစွာ ခုံမင်မွေ့ လျော်လာတတ်ကြပေသည်။ သို့ သော် ပျဉ်းမငုတ်တိုကို နှလုံးသွင်း ၍ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် မိသားစုလည်းရှိကြ၏။
မည်သို့ဆိုစေ ၎င်းတို့သည် အိမ်ပိုင်ရာပိုင်ရှိလာပြီး မိသား တစ်စုလုံး ရေမျော ကမ်းတင်ဘဝ မှ လွတ်မြောက်လေကြသောအခါ အထက်ပါ စိတ်ဒဏ်ရာများ မှာ အ နည်းဆုံး ၇၅ ရာခိုင်နှုန်းခန့် အလို လိုကုစားပြီးဖြစ်သွားလေတော့ ၏။ ဘဝတွင် စားရေး၊ ဝတ်ရေး နှင့် နေရေးတည်းဟူသော အရေး သုံးပါးအ နက် နေရေးဟူသည် ဆင်းရဲသားတို့အတွက် သမ္မာအာ ဇီဝနည်းလမ်းဖြင့် သက်တမ်းတစ် ခုအတွင်း ဖန်တီးရန် အလွန်ခက်ခဲ လှသည် မဟုတ်ပါေ လာ။ နေရေး ကို အဖြေတွေး စိတ်အေးရသော ဘဝသစ်နှင့် လျော်ညီသည့် စိတ် ထားများကို ပွားများလာကြ၏။ အခြေမဲ့ အနေမဲ့လျှင် ဥပဒေမဲ့ပြု ရန် ဝန်မလေးတတ်သော်လည်း အခြေရှိ အနေရှိလျှင် အစုအဖွဲ့ကို ခင်၍ ဥပဒေ ကို မင်လေ့ရှိကြပေ သည်။
ကိုယ့်အိမ် ကိုယ့်ရာဟူ သော တွယ်တာစိတ်ကြောင့် ရပ် ရွာစည်းကမ်းကို ထိန်းသိမ်းလာကြ ၏။ ရပ်ရွာစည်းကမ်းကို ထိန်းသိမ်း လာသည်နှင့်အမျှ တ ရားဥပဒေ စောင့်ထိန်းရန် စည်းကမ်းကို လိုက်နာလာကြပေသည်။ ထို့ကြောင့် မူလကျူးကျော်ရပ်ကွက်များအား ပြန်လည်နေရာချထားပေးသော အခါ ၎င်းေ နရာသစ်၌ ရာဇဝတ်မှု များပြားနေဦးမည် (သို့မဟုတ်) တစ်နေရာတည်းမှာ စုပြီးထား လျှင် ရာဇဝတ်မှုပိုမိုတိုးပွားမည်ဟူ ၍ စိုးရိမ်ရန် မလိုအပ်ေ တာ့ ကြောင်း ထပ်လောင်းဖော်ပြလို လေသည်။ ထို့အပြင် အိမ်ရာစီမံ ကိန်း ဟူသည် အခြေခံအဆောက် အအုံနှင့် လူမှုရေးဝန်ဆောင်မှုများ သာမက အလုပ်အကိုင်အခွင့်အ လမ်းများကိုပါ ဆက်စပ်ဖြည့် ဆည်းပေးသော လူမှု ပတ်ဝန်းကျင် သစ်တစ်ရပ်ကို တည်ထောင်ပေး ခြင်းဖြစ်ကြောင်းလည်း သတြိ ပု သင့်ပေသည်။ ခွင့်တူညီမျှသော နေထိုင်မှုဘဝသစ် (Equitable New Settlement) ဖန်တီးပေးခြင်း ဟုလည်း အဆိုရှိကြ၏။
လက်ရှိ ရန်ကုန်မြို့မှ ကျူး ကျော်အိမ်ရာများအား ဇူလိုင်လ အတွင်း စာရင်းေ ကာက်ယူမှုများ ပြီးစီးသောအခါ ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်၍ ပြန်လည်
နေရာ ချထားမှု အစီအစဉ်များသည် ဝါလကင်းလွတ် သီတင်းကျွတ်မှဖြစ်
ပေါ်လာနိုင်၏။ ထိုအခါ ဝါတွင်း ကာလ၌ ကျူးကျော်မှုများ ထပ်မံ တိုးပွားမှု မရှိနိုင်ဟု မည်သူအာမခံ နိုင်ပါမည်နည်း။ ဤဆောင်းပါး ရေးနေစဉ် လှိုင်သာ ယာ တပင် ရွှေထီးလမ်း၌ ကျူးကျော်အိမ် အ သစ်နှစ်လုံး ဆောက်လုပ်ေ နကြောင်း သတင်းစာတစ်စောင်၌ တွေ့ရှိရ ၏။ စာရင်းကောက်ပြီး၍ ထပ်မံ လာရောက်နေထိုင်လျှင် ဖျက်သိမ်းမည်ဟု သဘောထားရှိပါလျှင်လည်း တိုင် စိုက်သည်နှင့် ဖျက်သိမ်းသည်က ပိုကောင်း၏။
လှည်းကူး၌ ဖျက်ဆီးခံရသည့် သာဓကကိုကြည့်လျှင် နေအိမ်များ ဆောက် ပြီး သောအခါနှင့် ဝင်ရောက်နေထိုင်ပြီးသောအခါမှသာ အင်အားသုံးဖျက်ဆီး သဖြင့် လွန်စွာအကျည်းတန်၏။ နေထိုင်သူတို့လည်း ပျက်စီးဆုံးရှုံးမှုပိုလာ၏။ ထို့အပြင် ပို၍ ဝမ်းနည်းပူဆွေးကြရ၏။ ထို့ကြောင့် စမတ်ကတ်ပေးပြီးမှ ဝင်ေ ရာက်ကျူးကျော်သူများ ဖြစ်လျှင် ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ယခုကပင် တ ရားဝင်ကြိုတင်အကြောင်းကြားချက်များ ထုတ်ပြန်၍ အသိပေးသင့်ပေသည်။
ဆိုင်းဘုတ်များထောင်ထားပြီး စမတ်ကတ် အရောင်းအဝယ်ပြုလုပ်သူများအား မည်ကဲ့သို့ အရေးယူမည်ကိုပါ တစ်ပါတည်း ကြိုတင်အသိပေးသင့်၏။ စာရင်း များကို စိစစ်နေသော ကာလကျော်လွန်မှသာ ဆောင်ရွက်မည်ဆိုလျှင် အချိန် ကြာဦးမည်ဖြစ်၍ ‘စောစော အသိပေးလေ ပိုကောင်းလေ’ဟု ဆိုချင်ပါသည်။
ပြန်လည်နေရာချထားရေး အစီအစဉ်များ ဆောင်ရွက်ရာ၌ အိမ်ခန်းများ တည်ဆောက်နေရာချထားခြင်းဖြစ်လျှင် (၁) အငှားအိမ်ရာနှင့် (၂) အရောင်း အိမ်ရာဟူ၍ နည်းလမ်းနှစ်ရပ်ရှိမည်ဖြစ်၏။ နှစ် မျိုးစလုံးသည် ဝင်ငွေနှင့် လက် လှမ်းမီသောအိမ်ရာ (Affordable Housing) ဖြစ်ရန် လိုအပ်ပေ သည် ။ ငှားရမ်းခယူလျှင် ပြင်ဆင် ရေးတာဝန်နှင့် အိမ်ရာစည်းကမ်း ထိန်းသိမ်းရေး တာဝန်ကို အစိုးရ က အိမ်ရှင်အဖြစ် အဓိကအခန်း ကဏ္ဍမှ ဆက်လက် တာ ဝန်ယူ ဆောင်ရွက်ပေးရန် လိုအပ်၏။ အရောင်းအိမ်ရာဖြစ်လျှင်မူ ၎င်း တာ ဝန်နှစ်ရပ်ကို အိမ်ခန်းပိုင်ဆိုင် သူများ ပါဝင်သည့်အဖွဲ့အစည်း (Community) က အဓိက တာဝန် ယူမည်ဖြစ်ပြီး အစိုးရက ပံ့ပိုးရန် သာလို အပ်၏။
အကောင်းဆုံးမှာ ဝင်ငွေနှင့် လက်လှမ်းမီမည့် အ နည်းဆုံး ငှားရမ်းခပမာဏ မျှသာရှိ သော ငွေကြေးကို လစဉ်အရစ်ကျ သတ်မှတ်၍ နှစ်ရှည်ပေးသွင်းေ စ သောစနစ်ဖြင့် အိမ်ခန်းရောင်းချ ပေးခြင်းဖြစ်၏။ Rent- Purchase စနစ်ဟု လည်း ခေါ်ဆိုနိုင်၏။ ဤ စနစ်ကို ဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ရန် လို အပ်မည်ဖြစ်ပြီး လက်ရှိကျင့်သုံးနေသော အိမ်တန် ဖိုး ၃၀ ရာခိုင်နှုန်းအား တစ်လုံး တည်း ပထမအရစ်ငွေပေးသွင်း စေခြင်းကို လုံးဝရှောင်ကြဉ်ရန်နှင့် အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းထက် လျှော့နိုင်သမျှ လျှော့ပေးနိုင်ရန် ဆောင် ရွက်ရမည်ဖြစ်ပေသည်။
ဤနေရာတွင် အိမ်နီးချင်း ထိုင်း နိုင်ငံ၌ ကျူးကျော်တို့အတွက် အဓိ ကထားေ သာ ဝင်ငွေနည်းပြည်သူ တို့၏ ဝင်ငွေနှင့် လက်လှမ်းမီအိမ် ရာတွင် အောက် ပါ နည်းလမ်းများ ကို ကျင့်သုံးကြောင်း ဖော်ပြလို၏။
(၁) တစ်လုံးတည်း ငွေပေးသွင်း ခြင်းကို ရှောင်ရှား၍ Booking Fees (ခေါ်) ကြိုတင်စာရင်းသွင်း ရန် ပေးသွင်းငွေ အနည်းအကျဉ်း ကိုသာ ပေး သွင်းစြေ ခင်း၊
(၂) အရစ်ကျကာလကို နှစ် ၃၀ သတ်မှတ်ပေးသွင်းစေခြင်း၊
(၃) အစိုးရက အိမ်ခန်းတစ်ခန်းအ တွက် အခြေခံအဆောက်အအုံအ ပါအဝင် စုစုပေါင်း ကုန်ကျစရိတ် အနက် ဘတ်ငွေရှစ်သိန်း (မြန်မာ ငွေ သိန်း ၃၀ ခန့်) ကို ထောက်ပံ့ငွေ (Subsidy) ပေးအပ်ခြင်း၊
(၄) အတိုးနှုန်းကို အထူးလျှော့ချ ပေးခြင်း၊
(၅) ဆောက်လုပ်ပေးမည့် အိပ်ခန်း အကျယ်အဝန်းကို ဝယ်ယူမည့်သူ ၏ ဝင်ငွေနှင့် လက်လှမ်းမီစေရန် အိမ်တန်ဖိုးနှင့် ချိန်ထိုးသတ်မှတ် ခြင်း (စတု ရန်းပေ ၃၃၀)
(၆) အိမ်ရာပြုပြင်ထိန်းသိမ်းရေး ကို Community မှပင် အဓိက တာဝန်ယူ၍ အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊
အထက်ပါနည်းလမ်းများကို လေ့လာ၍ အိမ်ခန်းအကျယ်အဝန်း အား ထိုက် သင့်သလို လျှော့ချပေး ပြီး အိမ်တန်ဖိုးကျဆင်းစေရေးကို အဓိကဦးစားပေးေ ဆာင်ရွက်စေ ချင်ပါသည်။ လက်ရှိ မြန်မာနိုင်ငံ ၏ တန်ဖိုးနည်းအိမ်ရာ အများ အ ပြားသည် စတုရန်းပေ ၄၈၀ မှ ၅၅၀ ခန့်အထိ ကျယ်ပြန့်နေကြ၏။ လုံးဝ တန်ဖိုးမနည်းနိုင်သည်ကို ဇွတ်အတင်း တန်ဖိုးနည်းတံဆိပ် ကပ်နေသည်နှင့် တူ၏။ မြေတန်ဖိုး နှင့် အခြေခံအဆောက်အအုံမပါ သိန်း ၁၀၀ ကျော် ကုန်ကျနေ၏။ UN HABITAT မှ ဂျပန်နိုင်ငံ JICA လှူဒါန်းငွေဖြင့် ဒဂုံဆိပ် ကမ်း၌ ဆောက်လုပ်သည်ဆိုသော ကျူး တို့အတွက် ရိုးမအိမ်ရာတွင် ၂၈၀ စတုရန်းပေသာ ထားရှိသည်မှာ အကျယ်အဝန်းအားဖြင့် မဆိုးလှ ပေ။
မန္တလေးတွင် ကျူးတို့အတွက် အငှားအိမ်ရာကို စတုရန်းပေ ၂၀၀ ထားရှိသည် မှာမူ အလွန် နည်းလွန်း၏။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် ၃၃၀ မှ ၃၅၀ စတု ရန်း ပေအထိ သတ်မှတ်ဆောင်ရွက် ပေးလျှင် သင့်လျော်မည်ဟု ယူဆ ၏။ သုတေသနပြုချက်များအရ မြို့ပြသို့ ရွှေ့ပြောင်းအလုပ်သမား ဘဝဖြင့် ကျူးေ ကျာ်ဝင်ရောက်လာ သူတို့၏ မိသားစုအများစုသည် သုံးဦး၊ လေးဦးမျှရှိသော ‘အမြု တေမိသားစု (Nucleus Family)’ သာဖြစ်ကြောင်းလည်း သိရှိရပေ သည်။
အကယ်၍ ၃၅၀ စတုရန်း ပေအိမ်ခန်းကို လက်ရှိဆောက် လုပ်မှုစရိတ်အရ တစ်စတုရန်းပေ ၂၀,၀၀၀ ခန့်ရှိသည်ထားဦး၊ အိမ် ခန်းတန်ဖိုး သိန်း ၇၀ သာ ရှိမည် ဖြစ်၏။ မြေစည်ပင်စရိတ်ကို အစိုး ရက စိုက်ထုတ်သည့် လက်ရှိမူအ တိုင်းသာ ကျင့်သုံးသင့်ပေသည်။ အိမ်တန်ဖိုးမှာ စုစုပေါင်း သိန်း ၉၀ အထိ ကုန်ကျလျှင်ပင် နှစ် ၃၀ အရစ်ကျပေးသွင်းရပါက တစ်လ လျှင် ပေးသွင်း ရမည့် ငွေမှာ ကျပ် ငွေ ၂၅,၀၀၀ မျှသာရှိမည်ဖြစ်၏။ အတိုးအပါအဝင် သုံးေ သာင်း ထက်မပိုလျှင် လက်ရှိအိမ်ထောင် စုဝင်ငွေအရ ကျူးကျော် အိမ်ေ ထာင်စုအများစုမှာ ပေးနိုင်စွမ်း ရှိမည်ဟု ယူဆပေသည်။ လူမှုရေး ဝန်ဆောင် မှု များ (စာသင်ကျောင်း၊ဈေး၊ ဆေးရုံ၊ ကစားကွင်း)စသည် များကို အစိုးရ ဘတ်ဂျက်ဖြင့် အ ကောင်အထည်ဖော်ရန်ဖြစ်၏။
အကယ်၍ မြေကွက်ဖော် ထုတ်ချထားသောနည်း (Site and Services) ကို ကျင့်သုံးမည်ဆို လျှင်လည်း သင့်တင့်သောမြေ စည်ပင်စရိတ်အား နှစ်ရှည်ေ ပး သွင်းစေသောစနစ်ကို ကျင့်သုံးပြီး ချထားပေးသင့်ပါသည်။ မြေ ပါမစ် နှင့် ပတ်သက်၍ အမှန်တကယ်နေ ထိုင်မှုကာလ အနည်းဆုံး ၁၀ နှစ် မကျော်လွန် မီ အစုအဖွဲ့ပိုင်မြေ (Community Land)အဖြစ်သာ သတ်မှတ်ပေးပြီး သတ် မှတ်ကာလ ကျော်လွန်မှသာ တစ်ဦးချင်းအ တွက် မြေငှား စာချုပ်ချုပ်ဆိုခွင့်ြ ပု ခြင်း စသောအသေးစိတ်စည်း ကမ်းများ သတ်မှတ်ချက်ချထား ပေးသင့်၏။
ရန်ကုန်မြို့ ဟုမ်းလမ်း၊ မေတ္တာညွန့်၊ မရမ်းကုန်း စသည် တို့၌ အများအမည် (ဥပမာ-မြေ ယာဝယ်ယူရေးကော်မတီ)ဖြင့် မြေအမည်ပေါက် ထားရှိေ သာ မြေများ ရှိခဲ့ကြောင်း သိရှိရ၏။
တစ်ဦးချင်း မြေအမည်ပေါက်ဆောင်ရွက်မှု မရှိဘဲ အစုအဖွဲ့ပိုင်မြေ (Community Land) သဘောဖြင့် ပိုင်ဆိုင် မှု ဆက်လက်ထားရှိကြောင်းကို လည်း လေ့လာတွေ့ရှိနိုင်ပေ သည်။
ထို့ကြောင့် ကျူးကျော်များ အား မြေယာချထားလျှင် မြေကွက်ရောင်းချပြီးေ နာက် ကျူးဘဝပြန် မရောက်စေရန် တားဆီးကာကွယ် သောအားဖြင့် မြေ ပါမစ်ကို တစ် ဦးချင်းမပေးဘဲ အစုအဖွဲ့မြေ (Community Land) အဖြစ် ထား ရှိပေးရန် အဆိုပြုရခြင်းဖြစ်ပေ သည်။
အရေးအကြီးဆုံးအချက်မှာ ယခင် ၁၉၅၈ ခုနှစ်နှင့် ၁၉၈၈-၈၉ ခုနှစ် ကျူးေ ကျာ်နေရာချထား ရေး စီမံကိန်းများ အကောင်အထည် ဖော်သည့် အချိန် ကာ လ၌ ရန်ကုန် သည် ပြည်ထောင်စု၏ မြို့တော် ဖြစ်သဖြင့် စီမံကိန်းအကောင် အ ထည်ဖော်မှုကို တိုင်းအဆင့်က တာဝန်မယူရဘဲ ဗဟိုအစိုးရကိုယ် တိုင် တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်း တွေ့ရှိရပေသည်။ ယခု အခါ ရန်ကုန်မြို့ သည် ရန်ကုန် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်၍ တိုင်းဒေသကြီးအစိုးရ၏ တိုက် ရိုက်ကြီးကြပ်ကွပ်ကဲမှုအောက် တွင် ရှိနေပေသည်။ ထို့ကြောင့် ကျူးေ ကျာ်များ ပြန်လည်နေရာချ ထားရေးကို တိုင်းဒေသကြီးအစိုးရ ကသာ တာဝန်ယူဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရက တာဝန်ယူ ဆောင်ရွက်မှု မရှိတော့ပြီလောဟူ သော မေးခွန်းပေါ်ထွက်လာပေ သည်။
အမှန်အားဖြင့် လက်ရှိဖွဲ့စည်း ပုံအခြေခံဥပဒေအရ မြို့မြေစီမံခန့် ခွဲမှု သည် ပြည်ထောင်စုအစိုးရ ဥပဒေ ဇယား(၁)၌ ပါဝင်ခြင်း ကြောင့် လည်းေ ကာင်း၊ ရန်ကုန် သည် စီးပွားရေးမြို့တော်ဖြစ်ခြင်း ကြောင့်လည်းကောင်း၊ လက်ရှိနေ ရာချထားရမည့် ကျူးကျော်အရေ အတွက်သည် မြန်မာနိုင်ငံ၏ အိမ် ရာဖွံ့ဖြိုးရေးသမိုင်းစဉ်တွင် အများ ဆုံးဖြစ်ကြောင်းလည်းကောင်း၊ အ ရပ်သားအစိုးရ (သို့မဟုတ်) ပြည် သူ့အစိုးရက ပထမဆုံးအကြိမ် တာဝန် ယူ ဖြေရှင်းဆောင်ရွက်ပေး ရမည့် လုပ်ငန်းဖြစ်ခြင်းကြောင့် လည်းကောင်း အဘက်ဘက်မှ ပြည့်စုံကောင်းမွန်သော နည်းဗျူ ဟာစီမံကိန်းရေးဆွဲ ပြီး ပြည်ထောင်စုအစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုး ရက တာဝန်ယူအကောင်အထည်ဖော် ရာတွင် ဌာနဆိုင်ရာအားလုံး တက်ညီ လက်ညီ ပူးပေါင်းပါဝင်ဆောင် ရွက်ခြင်းဖြင့် စီမံကိန်းအောင်မြင် အောင်ေ ဆာင်ရွက်သင့်ကြောင်း ဖော်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
Credit: 7DayDaily