ပြင်ဦးလွင်မြို့၊ ဒူးကြားလမ်းမြေနေရာများဂရန်ချထားပေးခဲ့ခြင်းများနှင့် ပတ် သက်၍ လက်ရှိတွင် စည်းကမ်း မလိုက်နာမှုများရှိခဲ့ရာ ထပ်မံမဖြစ်ပေါ်စေ ရန် မြေငှားဂရန်ချထား ပေးခြင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက် ရိုက် ကြီးကြပ်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် မန္တလေးမြို့တော်ဝန်ေ ဒါက်တာရဲလွင်က ပြောသည်။
မြေဂရန်ချထားပေးခြင်းများကို ယခင်ကခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က လုပ်ဆောင်ခဲ့ရာချမှတ်ထားသည့် တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများ တိ ကျစွာ လိုက်နာစေရေးအတွက်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
''ပြင်ဦးလွင်မြို့ အိမ်နောက်ဖေး ဒူးကြားလမ်း မြေကွက်တွေရဲ့ ဂရန်သက် တမ်းတိုးတာတွေအတွက် ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရဲ့ေ ထာက်ခံချက်တွေ တောင်းခံပြီး ကွင်းဆင်းစစ်ဆေးတာတွေ လုပ်တယ်။ ဒူး ကြားနဲ့ မလွတ်တာတွေမှာ နေအိမ်အဆောက် အအုံ ဆောက်တာတွေအ တွက် တားမြစ်စာပေးပို့တယ်။ စည်ပင်သာယာ ဥပဒေပုဒ်မ ၉၁ အရ တရား စွဲဆိုတာတွေ လုပ်တယ်'' ဟု ဒေါက်တာရဲလွင်က ပြောသည်။
ပြင်ဦးလွင်မြို့ အိမ်နောက်ဖေး ဒူးကြားလမ်း မြေလွတ်မြေကွက်များကို အေ ထွထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ၁၉၉၁ ခုနှစ်ခန့်၌မြေငှားဂရန်များ ချထားေ ပးခဲ့ရာ မြေကွက်ပေါင်း ၁၃၅ ကွက်ရှိပြီး ဒူးကြားလမ်းဧရိယာ၏ ၈ဝ ရာခိုင်နှု န်းခန့် ရှိသည်။ ဒူးကြားလမ်းမြေပေါ်တွင် မိလ္လာကန်တည်ဆောက်ခြင်း၊ ရေ ဆိုးထုတ်မြောင်း အသုံးပြုခြင်း၊ အချို့မှာအဆောက်အအုံ အဖီဆွယ်ခြင်း၊ ဝင်ြး ခံ အုတ်တံတိုင်းကာရံခြင်းများကို ခေတ်အဆက်ဆက် လုပ် ဆောင်ခဲ့ကြေ ကြာင်း ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုသည်။
''၁၉၉၁ ခုနှစ်တုန်းက မှားယွင်းတဲ့ စီမံချက်တွေနဲ့ အိမ်နောက်ဖေး ဒူးကြား လမ်းတွေမှာ ဂရန်တွေ ချထားပေးခဲ့တယ်။ ၁၉၉၅ ခုနှစ်လောက်မှာြ ပဿ နာတွေ ဖြစ်လာတော့ ချထားပေးတာကို ရပ်ခဲ့တယ်။ အခုနောက်ပိုင်း မှာေ နာက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေ၊ စည်းကမ်းဥပဒေလိုက်နာမှုမရှိ၊ တ ရားဥပဒေစိုးမိုးမှု အားနည်းလာပြီး မလိုလားအပ်တာတွေ ထပ်ဖြစ်လာနေ လို့ ဒေသန္တရ စည်းမျဉ်းဥပဒေတစ်ရပ် သတ်မှတ်ပေးဖို့ တိုင်းလွှတ်တော်မှာ
မေးခွန်းမေးပြီး လုပ်ဆောင်ရတဲ့အထိ ဖြစ်လာတယ်'' ဟု ဦးအောင်မင်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
Credit: Myanmar Time