ပုဂ္ဂလိကဘဏ်များက ဗဟိုဘဏ်၏ လေလံဈေးကွက် တွင် ဈေးဆွဲတင်မှုေ ကြာင့် ဗဟို ဘဏ်ရည်ညွှန်းငွေလဲနှုန်း ဆက် တိုက်မြင့်တက်လာသော် လည်း ပြင်ပ ဈေးကွက်၌ ကန်ဒေါ်လာ တန်ဖိုးကျဆင်းနေကြောင်း စီးပွား ရေး လုပ်ငန်းရှင်များက ပြော ကြားသည်။
ပုဂ္ဂလိကဘဏ်များက လေ လံဈေးကွက်တွင် ဈေးဆွဲတင်မှု ကြောင့် ဗဟို ဘဏ်ရည်ညွှန်းငွေ လဲနှုန်းသည် ဇူလိုင် ၁၀ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၆၂ ကျပ်မှ ဇူလိုင် ၁၂ ရက်တွင် ၁,၃၆၆ ကျပ် သို့ မြင့်တက်လာသည်။
ပြင်ပဈေးကွက်တွင် တစ် ဒေါ်လာလျှင် ၁,၃၆၁ ကျပ်ခန့်သာဈေးဖွင့်သည်။ ဇူလိုင် ၁၁ ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ် လာလျှင် ၁,၃၆၃ ကျပ်အ ထိ မြင့်တက်ခဲ့သည်။ ပြင်ပဈေးကွက် တွင် ဒေါ်လာဝယ်လိုအား လျော့နည်ြး ခင်း၊ လက်ရှိမိုးရာသီ၌ သွင်းကုန်အတွက် ပြည်ပသို့ ငွေလွှဲ ပမာဏလျော့ကျေ နခြင်းတို့ကြောင့် တန်ဖိုး မြင့်တက်ရန် မဖြစ်နိုင် ကြောင်း ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ကမ္ဘာ့ရွှေဈေးကျဆင်းနေပြီး နိုင်ငံတကာတွင် ကန်ဒေါ်လာတန် ဖိုး မြင့်တက် လာသော်လည်း ပြည်တွင်း စီးပွားရေး ကျဆင်းနေမှု ကြောင့် ဒေါ်လာ တန် ဖိုးမြင့်တက် ရန် မဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က ခန့်မှန်းကြ သည်။ မြန်မာနိုင်ငံကဲ့သို့ ဒီဇယ်၊ ဓာတ်ဆီကဲ့သို့ မဟာဗျူဟာမြောက် ကုန်စည် များ၊ စားအုန်း ဆီ၊ အိမ်သုံးဆေးဝါး၊ ဆောက် လုပ်ရေးပစ္စည်းများ၊ လယ်ယာ လုပ်ငန်းသုံးပစ္စည်းများနှင့် ဓာတ် မြေဩဇာပိုးသတ်ဆေးကဲ့သို့ သွင်းအားစု ပစ္စည်းများ စသည်တို့ကို ပြည်ပမှ တင်သွင်းနေခြင်းကြောင့် ကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာ ပါက ကုန်ဈေးနှုန်းမြင့်တက်မည့် အခြေအနေမျိုးရှိသည် ဟု စီးပွား ရေး လုပ်ငန်းရှင်အချို့က ပြော ကြားသည်။
Credit: 7DayDaily