၁ စတုရန်းပေကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၈ ထောင်နှုန်း ရှိတဲ့ ဟောင်ကောင်မိုးမျှော်တိုက်တွေဟာ ကမ္ဘာမှာ ဈေးအကြီးဆုံးမိုးမျှော်တိုက်တွေပဲ ဖြစ်တယ်လို့ Knight Frank ရဲ့ မကြာသေးမီက နောက်ဆုံးထုတ်ပြန်ထားတဲ့ မိုးမျှော်တိုက်ဈေးနှုန်းအညွှန်းစာရင်းအရ သိရပါတယ်။
ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးမိုးမျှော်တိုက်ဈေးကွက်ကတော့ ၁ စတုရန်းပေကို ပျမ်းမျှဈေးနှုန်း အမေရိကန်ဒေါ်လာ ၄,၉၀၀ သာရှိတဲ့ တိုကျိုဖြစ်ပြီး ကမ္ဘာ့တတိယ
ဈေးအကြီးဆုံးမိုးမျှော်တိုက်ဈေးကွက်ကတော့ ၁ စတုရန်းပေကို အမေရိကန်ဒေါ်လာ ၃,၇၀၀ နှုန်းရှိတဲ့ မန်ဟက်တန်ပဲ ဖြစ်ပါတယ်။
"ဟောင်ကောင်မှာ ဈေးအမြင့်ဆုံးဆိုတာဟာ မိုးမျှော်တိုက်ငှားရမ်းခမှာလည်း ကမ္ဘာ့ဈေးအကြီးဆုံးပဲ ဖြစ်ပြီး နောက်ထပ်ဆောက်ဖို့အတွက် မြေမရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်" လို့ Knight Frank ရဲ့ ကမ္ဘာလုံးဆိုင်ရာငွေကြေးဈေးကွက်
အကြီးအကဲ အန်ဒရူးဆင်းမ်က ပြောကြားခဲ့ပါတယ်။
"ရှန်ဟိုင်း၊ စင်္ကာပူ၊ မန်ဟတ်တန်နှင့် လန်ဒန် လိုမျိုး အဓိကဘဏ္ဍာရေးအချက်အချာ
နေရာတွေမှာ ဈေးကြီးတယ်ဆိုတာဟာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေက အဲ့ဒီအဆောက်အအုံတွေမှာ နေရာဝယ်လိုအားမြင့်မားတာကြောင့်ပဲ ဖြစ်ပါတယ်" လို့လည်း သူက ပြောကြားခဲ့ပါတယ်။
ဆန်ဖရန်စ္စကိုတွင် ကုန်သွယ်ရေးအဆောက်အအုံတွေရဲ့ ၁ စတုရန်းပေ ပျမ်းမျှဈေး
ဟာ အမေရိကန်ဒေါ်လာ ၂,၅၀၀ ရှိပါတယ်။ ကမ္ဘာ့စတုတ္ထဈေးအကြီးဆုံးမိုးမျှော်တိုက်
ဈေးကွက်ပေါ့။ လန်ဒန်က ၁ စတုရန်းပေကို အမေရိကန်ဒေါ်လာ ၂,၀၀၀ နဲ့ ပဉ္စမနေရာမှာ ဖော်ပြခံခဲ့ရပြီး ဆစ်ဒနီက ၂,၄၅၀ နဲ့ ဆဋ္ဌမဈေးအကြီးဆုံးမိုးမျှော်တိုက်
ဈေးကွက် ဖြစ်ပြီး စင်္ကာပူက ၁ စတုရန်းပေကို အမေရိကန်ဒေါ်လာ ၁,၉၀၀ နဲ့ သတ္တမဈေးအကြီးဆုံးမိုးမျှော်တိုက်ဈေးကွက် ဖြစ်ခဲ့ပါတယ်။
ဘော်စတွန်၊ တိုင်ပေနဲ့ ဖရန့်ဖာ့တ်တို့က ၁ စတုရန်းပေ ပျမ်းမျှဈေး အမေရိကန်ဒေါ်လာ ၁,၇၀၀၊ ၁,၆၀၀ နဲ့ ၁,၄၀၀ တို့နဲ့ အဋ္ဌမ၊ န၀မ၊ ဒသမ ဈေးအကြီးဆုံးမိုးမျှော်တိုက်ဈေးကွက်တွေအဖြစ် အသီးသီးဖော်ပြခံခဲ့ရပါတယ်။
ရှန်ဟိုင်းကလည်း ၁ စတုရန်းပေ ပျမ်းမျှဈေး အမေရိကန်ဒေါ်လာ ၁,၂၅၀ နဲ့ နံပါတ် ၁၁ နေရာမှာ ရှိတာကို တွေ့ရပါတယ်။
ဟောင်ကောင်ဟာ ယမန်နှစ်ကလည်း Knight Frank ရဲ့ ကမ္ဘာ့မိုးမျှော်တိုက်ရုံးခန်း
ငှားရမ်းခအမြင့်ဆုံးစာရင်းမှာလည်း နံပါတ် ၁ နေရာမှာ ဖော်ပြခံခဲ့ရကြောင်း သိရပါတယ်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com