ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှ အခန်းထက်ဝက်ေ ကျာ်ကို ခြောက်လကျော်အတွင်း ရောင်း ချနိုင်ခဲ့ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ကပြောသည်။
အခန်းတစ်ခန်းလျှင် အမျိုး အစားအလိုက် ကျပ်သိန်း ၆၀၀ နှင့် ကျပ်သိန်း ၁,၂၀၀ အသီးသီး သတ်မှတ် ရောင်းချထားသည့် ရတနာနှင်းဆီ အိမ်ရာစီမံ ကိန်း တွင် အခန်း ၂၇၀ ကျော် ရောင်းချ ရန် စီစဉ်ထားရာ ယမန်နှစ် ဒီဇင်ဘာ မှ လက်ရှိအချိန်ထိ အခန်းထက်ဝက်ကျော် ရောင်းချထားနိုင်ပြီး အနည်းငယ် သာ ကျန်ရှိတော့ခြင်းဖြစ်သည်။
ထပ်မံရောင်းချမည့် အခန်း များကိုမူ ခေတ်ကာလ အခြေ အနေအရ ဈေးနှုန်း တိုးမြှင့်ရောင်း ချရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှု ဦးစီးဌာနက ရည်ရွယ်ထားသည်။
၁၈ ထပ်အမြင့်ရှိ အဆောက်အအုံနှစ်လုံးတွင် အခန်း၂၇၀ ကျော်ပါဝင်သည့် ရတနာနှင်းဆီ အိမ်ရာကို တရားဝင်မဖွင့်လှစ်မီ ကပင် ကြိုတင်ရောင်းချမှု များ ပြုလုပ်ခဲ့၍ စိတ်ဝင်စားမှုမြင့် တက်လာခြင်းဖြစ်သည်။
အဆိုပါအိမ်ရာရှိ ၆၀၀ စတု ရန်းပေကျယ်ဝန်းသည့်အခန်းကို ကျပ်သိန်း ၆၀၀၊ ၁,၂၀၀ စတုရန်း ပေကျယ်ဝန်းသည့်အခန်းကို ကျပ် သိန်း ၁,၂၀၀ဖြင့် ရောင်း ချနေ သည်။
အခန်းဝယ်ယူသူအများစုမှာ ဈေးကစားရန် ဝယ်ယူသူများ မဟုတ်ဘဲ အမှန်တ ကယ် နေထိုင် မည့်သူများက အဓိကဝယ်ယူနေ ကြောင်း ယင်းအိမ်ရာ စီမံ ကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။တိုက်ခန်းကို အရစ်ကျဝယ် ယူခြင်း ထက် ငွေအကျေပေးဝယ် ယူသူ ပိုမိုများပြားကြောင်း တာ ဝန်ရှိသူက ဆိုသည်။
ရတနာနှင်းဆီ အိမ်ရာစီမံ ကိန်းသည် ၂၀၁၆ ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံေ တာ်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည့် အိမ်ရာစီမံကိန်းဖြစ်သည်။
အရစ်ကျဝယ်ယူလိုသူများ သည် ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေး ဘဏ်နှင့် ချိတ်ဆက် ဝယ်ယူနိုင်သည်။
ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းတွင် ဝယ်ယူထား သူများ အနြေ ဖင့် ငွေသွင်းထား သည့် ရာခိုင်နှုန်းပေါ်မူတည်ပြီး လူနေထိုင်ခွင့်ကို ၂၀၁၇ နှစ်လယ် ၌ စတင်ခွင့်ပြုမည်ဖြစ်သည်။
Credit: 7DayDaily