အော်စကာဆုရ ရုပ်ရှင်သရုပ်ဆောင် ဂျိမ်းစ် ကက်ဂ်ျနေး နေထိုင်ခဲ့ဖူးသော ၆၉ ဧကကျယ်ဝန်းသည့် စပျစ်ခြံကြီး ရောင်းချမည်

အော်စကာဆုရ ရုပ်ရှင်သရုပ်ဆောင် ဂျိမ်းစ် ကက်ဂ်ျနေး နေထိုင်ခဲ့ဖူးသော ၆၉ ဧကကျယ်ဝန်းသည့် စပျစ်ခြံကြီး ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
12 Jul 2017 11:20 am တွင် တင်ခဲ့သည်
714 ကြိမ် ကြည့်ရှု့ပြီး
အော်စကာဆုရ အမေရိကန် ရုပ်ရှင်သရုပ်ဆောင် ဂျိမ်းစ် ကက်ဂ်ျနေး နေထိုင်ခဲ့ဖူးသော ၆၉ ဧကကျယ်ဝန်းသည့် စပျစ်ခြံကြီး အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ Martha’s Vineyard ကျွန်းတွင် တည်ရှိပြီး ရေကြောင်း၊
လေကြောင်းတို့ဖြင့်သာ သွားလာနိုင်သည်။

ခြံဝန်းကျယ်ကြီးအတွင်းတွင် ၁၈ ရာစုက ဆောက်လုပ်ခဲ့သော ယာတောအိမ်၊ ဧည့်ဂေဟာ၊ စတူဒီယိုနှင့် စပါးကျီတို့ ပါဝင်ကြသည်။
အဝါရောင် ထင်းရှူးသားကြမ်းခင်းများ ခင်းထားသည့်
အဆိုပါ ယာတောအိမ်မှာ ပြုပြင်မွမ်းမံမှုများ များစွာပြုလုပ်ရန်မူ လိုအပ်လျက်ရှိသည့် အဆောက်အအုံဖြစ်သည်။

ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြစ်ကြောင်း အရောင်းဈေးကွက်တင်သွင်းသည့် Tea Lane Associates မှ အကျိုးဆောင် မက်ဂ် ဘော့ဒ်နာက ပြောကြားသည်။
မစ္စတာ ကက်ဂ်ျနေးသည် ၁၉၃၆ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နွေရာသီစံအိမ်အဖြစ် ဆယ်စုနှစ်များစွာ အသုံးပြုခဲ့ကြောင်း ၎င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် “Cagney by Cagney” တွင် ဖော်ပြထားသည်။

“ဒီစပျစ်ခြံဟာ ကျွန်တော့်အတွက်တော့ လွတ်လပ်မှုကို ရှာဖွေနိုင်တဲ့နေရာ၊ ဟောလိဝုဒ်မှာ မတွေ့နိုင်တဲ့ ငြိမ်းချမ်းမှုကို တွေ့နိုင်တဲ့ နေရာလေး တစ်ခုပါပဲ” ဟု ကက်ဂ်ျနေးက ရေးသားဖော်ပြခဲ့သည်။

မစ္စတာ ကက်ဂ်ျနေးသည် ၁၉၃၀ နှင့် ၄၀ ပြည့်နှစ်များအကြား ထွက်ရှိခဲ့သည့် “Angels with Dirty Faces” ကဲ့သို့ ဂိုဏ်းစတား ဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့သူဖြစ်သည်။
ကက်ဂ်ျနေးမိသားစုက အဆိုပါခြံကို ၁၉၈၀ ပြည့်လွန်ကာလများတွင် ရောင်းချခဲ့သည်။

နောက်ပိုင်းတွင် ဘော့စ်တွန်မှ စားသောက်ဆိုင် လုပ်ငန်းရှင်များဖြစ်သော ပက်ထရစ် လိုင်ယွန်နှစ် ရှောင် ဂီးလ်ဒီတို့က ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

ဂျိမ်းစ် ကက်ဂ်ျနေး၏ အမည်အပြည့်အစုံမှာ ဂျိမ်းစ် ဖရန့်စစ် ကက်ဂ်ျနေး ဂျူနီယာဖြစ်ပြီး ၁၈၉၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် မွေးဖွားပြီး ၁၉၈၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ကွယ်လွန်ခဲ့သည်။
သူ၏ အကောင်းဆုံးဇာတ်ကားများအဖြစ် နာမည်ကျော်သည်မှာ The Public Enemy (1931)၊ Taxi! (1932)၊ Angels with Dirty Faces (1938) နှင့် White Heat (1949) တို့ ဖြစ်ကြသည်။

၁၉၃၈ ခုနှစ်တွင် Angels with Dirty Faces ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင် အော်စကာဆု အမည်စာရင်း တင်သွင်းခံခဲ့ရသည်။
၁၉၄၂ ခုနှစ်တွင် Yankee Doodle Dandy ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

CarsDB
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service