ဘဏ်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီကိုေ ချးငွေပေးရာ တွင် ဘဏ်မတည်ငွေ၏ ၂၀ရာခိုင်နှုန်းထက် ပိုမချေးရန်နှင့်ေ ချးငွေ အားလုံးသည် ဘဏ်မတည်ငွေ၏ ရှစ်ဆထက်မပိုရန်ဗဟိုဘဏ်က အ မိန့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါကန့်သတ်ချက်သည် ဇူလိုင် ၇ ရက်တွင် စတင်အကျုံးဝင် မည်ဖြစ်ေ ကြာင်း ဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော်မောင်၏ အမည်ဖြင့် ဇူလိုင် ၇ ရက်က ထုတ်ပြန်သောအ မိန့်ကြော်ငြာစာ၌ ဖော်ပြထား သည်။အကယ်၍ ၂၀ ရာ ခိုင်နှုန်း ထက်ကျော်လွန်၍ ချေးငွေထုတ် ချေးထားပါက လက်ခံနိုင်သည့် ပ မာဏသို့ ပြန်လည် ထားရှိမည့် အစီအစဉ်ကို ရက်ပေါင်း ၉၀ အ တွင်း ဗဟို ဘဏ်သို့ တင်ပြရမည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဘဏ်မတည်ငွေစာရင်း၏ ၁၀ ရာခိုင်နှုန်းနှင့်အထက်ကို ပမာဏကြီးမားေ သာ ကြွေးမြီအဖြစ် သတ်မှတ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် အထက်ပါ ချေး ငွေကန့်သတ်ချက်များသည် ပမာဏကြီးမားသော ကြွေးမြီများ ကို ကန့်သတ်သည့် ကြွေးမြီကန့် သတ်ချက်ဖြစ်ကြောင်း ဗဟိုဘဏ် ကဆို သည်။
ထိုကန့်သတ်ချက်တွင် နိုင်ငံ ခြား ဘဏ်ခွဲက ၎င်း၏ပင်ရင်း ဘဏ်သို့ ထုတ်ေ ချးသည့်ချေးငွေ များလည်း အကျုံးဝင်သည်ဟု ဗဟိုဘဏ်အမိန့်ကြော်ငြာစာ တွင် ဖော်ပြထားသည်။
ထိုကြွေးမြီကန့်သတ်ချက် တွင် နိုင်ငံတော်ဘဏ်များသည် အစိုးရမူဝါဒအရ ထုတ်ချေးသည့် ချေးငွေများသည်ယခု ကန့်သတ် ချက်တွင် ကင်းလွတ်ခွင့်ရပြီး အစိုး ရမူဝါဒ မဟုတ်ပါကကြွေးမြီကန့် သတ်ချက်၌ အကျုံးဝင်မည်ဟု ဆိုသည်။
‘‘ဘဏ်တစ်ခုတည်းသိပ်ပြီး တော့ စွန့်စားမှုယူမှာစိုးလို့ ဘဏ်တွေ စုပေါင်း ပြီး ငွေချေးတဲ့ စနစ်ကို ဦးတည်လာတာပါ။ ဘဏ်တွေပူး ပေါင်းပြီး လုပ်စေချင် တဲ့ သဘော’’ ဟု ကမ္ဘောဇဘဏ်အုပ်စုအကြီး တန်း အကြံပေး ဦးသန်းလွင် က ပြောသည်။
ပြည်တွင်းဘဏ်တစ်ခု ထူ ထောင်လျှင် ဗဟိုဘဏ်သို့ အာ မခံငွေ ကျပ်ဘီလီ ယံ ၂၀ အနည်း ဆုံးတင်ရသည်။
Credit: 7DayDaily