မွန်ပြည်နယ်၊ သထုံမြို့ စက်မှုနယ်မြေ တည်ဆောက်ရေး လုပ်ကိုင်ရန် စိတ် ဝင်စားမှု အဆိုပြုလွှာတင်သွင်းထားသည့် ကုမ္ပဏီခုနစ်ခုအနက် သုံးခုကို စိ စစ်မှုများပြုလုပ်ပြီး ဖြစ်သည်ဟု အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ဇူလိုင် ၄ ရက်တွင် ပြောသည်။
စက်မှုဝန်ကြီးဌာနသည် သထုံမြို့မှ ကော့စတစ်ဆိုဒါ ထုတ်လုပ်လျက်ရှိ သည့် နိုင်ငံပိုင် စက်မှုလုပ်ငန်းနယ်မြေကို သထုံစက်မှုနယ်မြေအဖြစ် ပြောင်း လဲ အကောင်အထည်ဖော်ရန် လုပ်ဆောင်နေလျက်ရှိပြီး ထို့အတွက် မြေဧရိ ယာ ၆၇၈ ဧကရှိ ၄င်းလုပ်ငန်းဧရိယာကို စက်မှုနယ်မြေ အဖြစ် အကောင်အ ထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို စိတ်ဝင်စားမှုအဆိုပြုလွှာ Expression of interest (EIO) တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။
ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ခုနစ်ခုက အဆိုပြုလွှာများတင်သွင်းထားပြီး ထို့အ တွက် အဆိုပြုကုမ္ပဏီများအနက် ကုမ္ပဏီသုံးခုကို စက်မှုဝန်ကြီးဌာနက ကျွမ်း ကျင်ပညာများ အပါအဝင် အဆိုပြုလွှာ စိစစ်ရေးအဖွဲ့က တွေ့ဆုံ စိစစ်ပြီးဖြစ် သည်ဟု ၄င်းတာဝန်ရှိသူက ပြောသည်။
''လောလောဆယ်မှာတော့ အဆိုပြုလွှာတင်ထားတဲ့ ကုမ္ပဏီတွေထဲက သုံးခု ကိုတော့ စိစစ်ရေးအဖွဲ့က လက်ခံတွေ့ဆုံပြီး စိစစ်တာလုပ်ပြီးသွားပါပြီ။ ကျန် တဲ့အဖွဲ့တွေနဲ့ ဆက်ပြီးတွေ့ဆုံရပါဦးမယ်။ တွေ့ဆုံပြီးတဲ့ ကုမ္ပဏီတွေထဲမှာ လည်း ပြည်တွင်းရော၊ ပြည်ပကုမ္ပဏီတွေရော ပါဝင်ပါတယ်။ ကျန်တဲ့ကုမ္ပဏီ အဖွဲ့တွေနဲ့ တွေ့ဆုံစိစစ်တာတွေကိုလည်း အမြန်ဆုံးတော့ လုပ်သွားဖို့ ရှိပါ တယ်''ဟု ၄င်းတာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိတွင် အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများကို လက်ခံတွေ့ဆုံ စိစစ် ဆဲကာလသာ ဖြစ်နေသေးခြင်းကြောင့် အဆိုပြုကုမ္ပဏီများ၏ အမည်စာရင်း ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၄င်းတာဝန်ရှိသူက ပြောသည်။
အဆိုပြုလွှာတင်သွင်းထားသည့် ကုမ္ပဏီများအနက် လုပ်ကိုင်မည့် လုပ်ငန်း များတွင်မူ ဆေးဖက်ဝင် အပင်များမှ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်း၊ သစ်ဥ သစ်ဖုများမှ အချိုရည် ထုတ်လုပ်သည့်လုပ်ငန်း၊ သစ်သီးခြောက်လုပ်ငန်း၊ ဒေ သထွက် ရော်ဘာများ အဆင့်မြှင့်တင်မည့်လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းနှ င့် ရော်ဘာဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ ပါဝင်သည်။
လက်ရှိတွင် အဆိုပါစက်မှုနယ်မြေဧရိယာအတွင်း လျှပ်စစ်မီးရရှိရေးအတွက် Energeia Asset Management (EAM ) ကုမ္ပဏီက ဆိုလာနည်းပညြာ ဖင့် ဆောင်ရွက်ရန် လုပ်ဆောင်နေပြီး လျှပ်စစ်မဂ္ဂါဝပ် ၃ဝ ကို ထုတ်လုပ်သုံးစွဲ သွားမည်ဟု စက်မှုဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းသည် ၄င်းလက်အောက်၌ နိုင်ငံပိုင် စက် မှုလုပ်ငန်းများဖြစ်သော အထည်ချုပ်စက်ရုံ ၁၃ ရုံ၊ စက္ကူနှင့် သတင်းစာစက္ကူ ထုတ်လုပ်သည့်စက်ရုံ နှစ်ရုံ၊ အိမ်သုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံတစ်ရုံနှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ထုတ်လုပ်သည့်စက်ရုံတစ်ရုံတို့အပါအဝင် စု စုပေါင်း စက်ရုံ ၁၇ ရုံ လည်ပတ်လုပ်ကိုင်လျက် ရှိသည်။
Credit: Myanmar Time