မန္တလေးတိုင်းဒေသကြီး တွင် ၂၀၁၇ မှ ၂၀၂၁ အထိ လေးနှစ်တာအ တွင်း နိုင်ငံတကာချေးငွေ၊ နိုင်ငံတကာအကူအညီများဖြင့် စီမံကိန်းလုပ်ငန်း ၃၀ခု အကောင်အထည်ဖော်မည်ဟု တိုင်းဒေသကြီးစီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးမြတ်သူက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် ကမ္ဘောဇ ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ JICA၊ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင် စီ စသည်တို့နှင့်ပူးပေါင်းကာ ရေ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး မီးလင်းရေးစသည့်လုပ်ငန်းစီမံ ကိန်းများ လုပ်ဆောင်မည်ဖြစ် ကြောင်း ဆိုသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိလေး နှစ်တာ အ တွင်း ဆောင်ရွက်မည့် စီမံကိန်းများတွင် နိုင်ငံတကာချေးငွေဖြင့် အကောင် အထည်ဖော် မည့် စီမံကိန်းလုပ်ငန်း ၁၉ ခုရှိပြီး နိုင်ငံတကာ အထောက်အ ပံ့ဖြင့် လုပ်ဆောင်မည့် စီမံကိန်းသည် ၁၁ ခုရှိသည်ဟု ဦးမြတ်သူက မန္တလေး တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး တွင် နိုင်ငံတကာချေးငွေအကူအ ညီများဖြင့် လုပ်ေ ဆာင်နေသည့် စီမံကိန်းများသည် ပွင့်လင်းမြင် သာမှု အားနည်းပြီး မည် သည့်နိုင် ငံမှ ချေးငွေရယူကာ စီမံကိန်းများ မည်သို့လုပ်ဆောင်နေသည်ကို သိရှိလိုကြောင်း ပြည်ကြီးတံခွန် မြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသ ကြီး လွှတ်ေ တ်ာကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုက ဇူလိုင် ၄ ရက်က လွှတ်တော်၌ေ မးမြန်းမှုကို ဝန်ကြီးဦးမြတ်သူက ဖြေကြားခြင်း ဖြစ်သည်။
နိုင်ငံတကာချေးငွေဖြင့်လုပ် ဆောင်မည့် စီမံကိန်း ၁၉ ခုတွင် ရမည်းသင်း မြို့နယ် ချောင်းမကြီး ဆည်ရေသောက်စနစ်ပြုပြင်ခြင်း လုပ်ငန်း၊ မိတ္ထီလာ ခရိုင်အတွင်း ရေပေးရေးလုပ်ငန်းတိုးချဲ့ခြင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် တိုင်း ဒေ သကြီးနှင့်ပြည်နယ်များရှိ မြို့ နယ်ငါးမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်းများ လုပ်ဆောင်ခြင်း၊ ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေး စီ မံကိန်းလုပ်ဆောင်ခြင်း၊ မီးရထား လမ်းပိုင်းအဆင့်မြှင့်တင်ခြင်း၊ မီး ရထားစက်ခေါင်းနှင့်လူစီးတွဲသစ် များ တိုးချဲ့တည်ဆောက်ခြင်းအ ပါအဝင် စီမံကိန်းများပါဝင်မည် ဖြစ်သည်။
ချေးငွေဖြင့် လုပ်ဆောင်မည့် စီမံကိန်းများတွင် ကျေးလက်ဒေ သဖွံ့ဖြိုး တိုး တက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ် များရှိ မြို့ နယ်ငါးမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်းအတွက် ကျပ်သန်း ၁၁၁,၀၀၀ ကျော်ဖြင့် လုပ်ဆောင် မည့်စီမံကိန်းသည် ငွေကြေးအ များဆုံး သုံးစွဲလုပ်ကိုင်မည့်စီမံ ကိန်းဖြစ်ပြီး မြန်မာ့မီးရထား မြို့ပြ အင်ဂျင်နီယာဌာနမှ ရန်ကုန်- ပဲခူး-မန္တလေးတွင် (ODA Loan) ချေးငွေဖြင့် ရန်ကုန် -မန္တလေးရ ထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် ကျပ်သန်း ၆၉,၀၀၀ ကျော် သုံးစွဲလုပ်ကိုင် မည့် စီမံကိန်းလုပ်ငန်းသည် ဒုတိယငွေကြေးအများဆုံး သုံးစွဲ မည့် စီမံကိန်းဖြစ်သည်။
နိုင်ငံတကာထောက်ပံ့ငွေ ဖြင့် လုပ်ဆောင်မည့်စီမံကိန်း ၁၁ခုတွင်မူ ရေ အရင်းမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက ကျပ်သန်း ၂၂,၀၀၀ ကျော်သုံးစွဲလုပ်ကိုင်မည့် မန္တလေး ဆိပ်ကမ်းအဆင့်မြင့်တင်ရေးစီမံ ကိန်းသည် ငွေကြေးအများဆုံးသုံးစွဲ မည့် စီမံကိန်းဖြစ်ပြီး မန္တလေးမြို့ တွင်းေ ရပေးဝေရေးလုပ်ငန်းများ အဆင့်မြှင့်တင်တိုးချဲ့နိုင်ရန် မန္တလေးမြို့တော် စည် ပင်သာယာ ရေးကော်မတီအနေဖြင့် နိုင်ငံတကာထောက်ပံ့ငွေအများအပြား ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
Credit: 7DayDaily