ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ Master Plan အား အသစ်ထပ်မံ ရေးဆွဲ ရန်အတွက် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာ န၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ ရုံးမှ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနမှ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအ မတ်ကြီး .E. Mr. Tateshi HIGUCHI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဇူ လိုင် ၇ ရက်က တွေ့ဆုံရာတွင် ထားဝယ်အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်ရေးနှင့် စပ်လျဉ်း၍ မြန်မာ-ထိုင်း-ဂျပန် သုံးပွင့်ဆိုင် ဆွေးနွေးရေး၊ ထို င်းနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ကျင်းပခဲ့သည့် အဋ္ဌမအကြိမ် မြန် မာ-ထိုင်း ပူးတွဲညှိနှိုင်းရေး ကော်မတီ အစည်းအဝေး ရလဒ်များနှင့် စပ်လျဉ်း သည့် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံမှ ပေးအပ်သော အကူအညီများအား ပိုမိုထိေ ရာက်စွာ အသုံးချနိုင်ရေး၊ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် သီးနှံများ၏ အ ရည်အသွေး စီမံခန့်ခွဲမှု အပိုင်းတွင် ဂျပန်နည်းပညာနှင့် အကူအညီများ ပိုမိုရ ရှိရေးနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေ သည့် တနင်္သာရီကမ်းမြောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ေ ကြာင်း သိရသည်။
အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်ဒေသများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အဋ္ဌမအကြိမ် မြန်မာ-ထိုင်းပူးတွဲညှိနှိုင်းရေး ကော်မတီ အစည်း အဝေးတွင် ထားဝယ်အထူး စီးပွားရေးဇုန်ကို မြန်မာ-ထိုင်း နှစ်ဖက်စလုံးက ပူးပေါင်း၍ အမြန်ဆုံး ဆက်လက် အကောင်အထည်ဖော်ရေး၊ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်း နယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွား ကားလမ်း တည်ဆောက်ရေးနှင့် ထားဝယ်အထူး စီးပွားရေးဇုန်၏ ကနဦးစီမံ ကိန်းအပိုင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး၊ ယင်းလုပ်ငန်း နှစ်မျိုး စလုံးအတွက် ပူးတွဲအထူးလုပ်ငန်း အဖွဲ့များ ထူထောင်ဖွဲ့စည်းရေးတို့ကို အြ မန်ဆုံး အကောင်အထည် ဖော်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းတာဝန်များကို အထက်အဆင့်က တာဝန်ပေး အပ် လာသည့်အတွက် တာဝန်ခံ ၀န်ကြီးဌာအဖြစ် ဆောင်ရွက်လျက် ရှိကြော င်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် အထူးစီးပွားရေးဇုန်များ၏ အခန်း ကဏ္ဍမှာ အလွန်အရေးပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံေ တာ်၏ ရည်မှန်းချက်လေးရပ်၊ စီးပွားရေးမူဝါဒ (၁၂) ချက်များနှင့်အညီ ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံ အနေနဲ့ လောလောဆယ်မှာ သီလ၀ါ၊ ထားဝယ်၊ေ ကျာက်ဖြူ အထူးစီးပွားရေးဇုန် သုံးခုကို အကောင်အထည်ဖော် ဆောင် ရွက်ေ နပါတယ်။ သုံးခုအနက် သီလ၀ါကတော့ ရှေ့ကိုရောက်နေတဲ့ အထူးစီးပွားေ ရးဇုန် ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။
Credit: Eleven Media Group