ရန်ကုန် စည်ပင်နယ်နိမိတ် ပြင်ပ မြို့နယ် ၁၂ ခုမှ ကျေးရွာပေါင်း ၂၂၀၀ ကျော်ကို မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် တက္ကသိုလ်
ကျောင်းသားများ၏ အကူအညီဖြင့် သုံးနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယနေ့ (ဇူလိုင် ၁၁ ရက်) ကျင်းပသည့် အာဆီယံထူးချွန် ကျောင်းသားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
“ရန်ကုန်မြို့ရဲ့ ကျေးလက်ဒေသတွေကို ဖွံ့ဖြိုးလာစေဖို့ တက္ကသိုလ်မှာရှိတဲ့ ကျောင်းသားတွေရဲ့ အကူအညီတွေနဲ့ သုံးနှစ်အတွင်း အကောင်အထည်ဖော်သွားမှာပါ”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ကျေးရွာဒေသများကို လျှပ်စစ်နှင့် ရေကောင်းရေသန့် ရရှိရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းမှသာ ရန်ကုန်မြို့တွင်းသို့ ရွှေ့ပြောင်းသွားလာမှု ပြဿနာများ လျော့နည်းစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
Credit: The Voice