နိုင်ငံတကာ အိမ်ခြံမြေ ပွဲစားလောက ဘဝအမောများ

နိုင်ငံတကာ အိမ်ခြံမြေ ပွဲစားလောက ဘဝအမောများ - Property News in Myanmar from iMyanmarHouse.com
11 Jul 2017 11:12 am တွင် တင်ခဲ့သည်
1138 ကြိမ် ကြည့်ရှု့ပြီး
လူအများစုအတွက် အိမ်ခြံမြေဟူသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများအနက် တန်ဖိုးအကြီးမားဆုံးအရာ ဖြစ်ကြ၏။

သို့အတွက် အိမ်ခြံမြေကို ရောင်းရတော့မည်ဆိုသည့်အချိန်တွင် စိတ်ပူပန်ခြင်း၊ စိတ်စောခြင်းများနှင့်အတူ သောကဗျာပါဒများလည်း ဖိစီးနေမည်ဖြစ်ရာ အိမ်ခြံမြေရောင်းဝယ်မှုတွင် ပါဝင်သူအားလုံး စိတ်အနှောင့်အယှက်ဖြစ်ဖွယ်များ တွေ့ကြုံကြရလေ့ရှိသည်။

ပရိယာယ်များသည့် ယင်းသို့သောအချိန်တွင် အိမ်ခြံမြေပွဲစားများသည် ရောင်းချမည့်အိမ်ရှင်တို့ကို ကူညီလမ်းညွှန်ပေးရန် ကြိုးစားရင်း “ရူးချင်တယ်” ဟူသည့် အခြေအနေမျိုး ရင်ဆိုင်ရလေ့ရှိသည်။

အောက်တွင် ဖော်ပြထားသည်များမှာ စိတ်ပျက်ဖွယ် အိမ်ရှင်တို့နှင့် စပ်လျဉ်း၍ နိုင်ငံတကာ အိမ်ခြံမြေပွဲစားတို့၏ ရင်ဖွင့်သံများ ဖြစ်ပါသည်။

၁။ မီလစ်ဆာ အေဆယ်လ် (Douglas Elliman Real Estate)

“အိမ်ရှင်တစ်ယောက်ဆိုရင် ကျွန်မဘေးက တစ်ချိန်လုံး ကပ်လိုက်နေပြီး ဝယ်လက်တွေကို သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ခင်းပြနေတယ်။ ပြီးတော့ ဘောင်းဘီကို လိပ်တင်ပြီး သူဆိုင်ကယ်စီးလို့ ရခဲ့တဲ့ဒဏ်ရာကိုလည်း ပြတယ်။ အဲဒီဝယ်လက်တွေက သူ့အိမ်ဆီကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး။ သူ့အိမ်လည်း ခုထိရောင်းမထွက်သေးဘူး။ အရောင်းစာရင်းကနေ ပြန်ထုတ်သွားတော့ ကျွန်မဖြင့် ပျော်လိုက်တာ”

၂။ မိုက်ကယ် ကယ်လ်ဇူးစကီး (Brandywine Fine Properties)

“အိမ်ရှင် အတော်များများက ဖြစ်သင့်တဲ့ ဈေးကွက်ပေါက်ဈေးတန်ဖိုးထက် အများကြီး စိတ်ကူးယဉ်ထားတတ်ကြတယ်။ ဝယ်လက်နဲ့တွေ့ပြီး တကယ်တမ်းတန်ဖိုးဖြတ်ချိန်မှာ ပြဿနာတက်တော့တာပဲ”

၃။ ကေတီ (Bello Dimora Real Estate Network)

“တစ်ချို့အိမ်ရှင်တွေက ဝယ်လက်ကို အိမ်ပြချိန်မှာ အိမ်မွေးတိရ စ္ဆာန်တွေကို တစ်နေရာရာမှာ ထိန်းမထားကြဘူး။ အိမ်မွေးတိရ စ္ဆာန် လေးတွေအတွက်တော့ ခဏတာ အကျပ်အတည်းဖြစ်သွားစေမယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေမှာ အယ်လာဂျီရှိတယ်။ အထူးသဖြင့် ကြောင်နဲ့ဓာတ်မတည့်ကြဘူး။ ဒီလိုလူတွေဆိုရင်တော့ အိမ်ကိုမဝယ်ဖြစ်တော့မှာ ကျိန်းသေပါပဲ။ ဘာကြောင့်လဲဆိုတော့ အိမ်ထဲဝင်လာတာနဲ့ ကြောင်တွေတပြုံကြီးအနားကပ်လာတာနဲ့ ပြန်ပြေးတော့မှာပါ”

၎။ စင်သီယာ (REAL Broker, LLC)

“တစ်ချို့ အိမ်ရှင်တွေက အိမ်ကို သန့်ရှင်းရေးလုပ်ထားဖို့ပြောရင် လက်မခံကြဘူး။ ညစ်ပတ်နေတဲ့အိမ်ကို ဘယ်သူက ကြည့်ချင်မှာလဲ”

၅။ ကာရီ ဂေါလပ် (Realty Executives Cooper Spransy)

“အိမ်ရောင်းတဲ့သူတွေ အတော်များများက ကျွန်တော်အကြံပေးတဲ့ ဈေးနှုန်းထက် ပိုပြီးဈေးခေါ်ချင်ကြတယ်။ ပြီးရင် ကျွန်တော့်ရဲ့ ကော်မရှင်ခကိုတော့ လျှော့ပေးဖို့ ပြောကြတယ်”

၆။ ရေချယ် ကာရိုးဂျွန်ဆင် (Keller Williams Realty South Tampa)

“တစ်ချို့အိမ်ရှင်တွေရှိတယ်၊ နှစ်ပေါင်း ၂၀ ကျော် မပြုမပြင် ဖုံမသုတ်၊ ဆေးမသုတ်ထားတဲ့အပြင် သန့်ရှင်းရေးလုပ်မထားဘဲ ညစ်ပတ်စုတ်ပြတ်နေတဲ့အိမ်ကို ဈေးကျတော့ မိုးထိအောင်ခေါ်ချင်ကြတယ်”

၇။ ရိုနီ စတီရင် (G&E Realty Group)

“တစ်ချို့ရှိတယ်၊ ပွဲစားလည်းမငှားဘူး၊ ပြီးတော့ ပွဲစားလုပ်တဲ့ သူငယ်ချင်းတွေဆီမှာ အခမဲ့ အကြံလိုက်တောင်းတတ်ကြတယ်”

၈။ ကေတီ (Keller Williams Louisville East)

“အိမ်ရှင်တွေက ဝယ်လက်တွေ၊ ရာဖြတ်တွေအပေါ် မကျေနပ်စရာရှိရင် ကျွန်မကို လာပေါက်ကွဲတယ်။ ကျွန်မက နှစ်ဘက်ကြားမှာ သတင်းစကား ဖလှယ်ပေးတဲ့သူသာဖြစ်ပါတယ်။ ကျွန်မကတော့ အရေထူနေပါပြီ။ ငွေကြေးအများကြီး ပါဝင်နေတဲ့ကိစ္စမှာ စိတ်လှုပ်ရှားစရာဖြစ်ရပ်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သိထားပါတယ်။ ဒါကြောင့် စိတ်ကိုတည်တည်ငြိမ်ငြိမ်ပဲထားပြီး လက်တွေ့ကျကျ အချက်အလက်တွေဆီကို ပြန်သွားပါတယ်။ ပြီးရင် သူတို့တွေရဲ့ စိတ်အနှောင့်အယှက်ဖြစ်နေမှုတွေကို နားလည်ကြောင်း သူတို့တွေသိအောင်လုပ်ပါတယ်။ နောက်ဆုံးမှာတော့ အားလုံးတည်တည်ငြိမ်ငြိမ်ဖြစ်သွားကြပါတယ်”

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service