မန္တလေးအိမ်ခြံမြေဈေးကွက်မှာ နေရာအချက်အချာကျ တန်ဖိုးကြီးမြေကွက်ေ တွထက် ကျပ်သိန်း ၁၀၀၀ အောက် တန်ဖိုးရှိ မြေကွက် အရောင်းအဝယ် ရှိ တယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ် ။
စံချိန်တင်အရောင်းအဝယ်ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ အရောင်းအ ဝယ်ဈေးကွက်ရဲ့ ယခုနှစ်အရောင်းအဝယ် ရာသီမှာ ကျပ်သိန်း ၅၀၀၀ အ ထက် တန်ဖိုးရှိမြေ အရောင်းအဝယ်မဖြစ်သလောက် နည်းပါးနေပြီး မြို့သစ် ရပ်ကွက်တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေရှိ ကျပ်သိန်း ၁၀၀၀ အောက်မြေ ကွက် အချို့ အရောင်းအဝယ်ပြန်လိုက်စပြုတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ် ။
လက်ရှိအရောင်းအဝယ်ဖြစ်နေတယ်ဆိုပေမဲ့ ယခင်နှစ်ကထက်စာရင် မြေေ ဈးနှုန်းဟာ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းတယ် ။ ပြီးခဲ့ တဲ့နှစ်က ကျပ်သိန်း ၉၀၀ ခန့် ဈေးခေါ်ထားတဲ့မြေကို သည်နှစ်မှာ ကျပ်သိန်း ၆၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ် ။
ရင်းနှီးမြှုပ်နှံဖို့အတွက် မဟုတ်ဘဲ အမှန်တကယ်နေထိုင်ဖို့ ၊ လုပ်ငန်းလုပ်ကိုင် အသုံးချဖို့အတွက်သာ မြေကို ဝယ်ကြတဲ့အပိုင်းတွေပဲရှိလာတဲ့အတွက် တန် ဖိုးကြီးမြေဈေးကွက်ငြိမ်နေချိန်မှာ တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံသူ (တန်ဖိုး နည်းမြေဈေးကွက်ပိုက်ထားသူ) ရောင်းလက်အချို့က ဈေးလျှော့ရောင်းလာတယ် ။
ဝယ်သူအားသာ
လတ်တလော အိမ်ခြံမြေအရောင်းအဝယ် အခြေအနေဟာ ဝယ်ရောင်းဈေး ကစားဖို့ ဝယ်တဲ့ပုံစံမျိုးမဟုတ်ဘဲ အမှန်တကယ် နေထိုင်အသုံးချဖို့အတွက် ဝယ်တဲ့ဈေးကွက် ဖြစ်တယ် ။
ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့အနေအထားနဲ့ ဈေးနှုန်းတည်ငြိမ်တဲ့ အရောင်း အဝယ်ဈေးကွက်သို့ ပြောင်းလဲဖို့ ဦးတည်နေတာဖြစ်လို့ ဝယ်သူဘက်က အား သာချက်တွေ ရှိတယ် ။
ဒါကြောင့်လည်း ရောင်းသူဝယ်သူနှစ်ဦးဖက် ညှိနှိုင်းရအဆင်ပြေတဲ့ မြေကွက် အရောင်းအဝယ်ဖြစ်တာလို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်က ဆိုပါ တယ် ။
ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို့က မန္တလေးအိမ်ခြံမြေ အေ ရာင်း အဝယ်ဈေးကွက်ဟာ လာမယ့်လပိုင်းတွေအတွင်း အကောင်းဘက် ကို ပြောင်းလဲလာမယ်လို့ ခန့်မှန်းပါတယ် ။
ဇွန်လဆန်းကနေ ဒီဇင်ဘာလအထိကာလဟာ မန္တလေးအိမ်ခြံမြေရောင်း ဝယ်ငှား ဈေးကွက်ရဲ့ ရာသီဖြစ်ပြီး ရာသီအစမှာပင် ယခင်နှစ်ကထက်စာရင် အိမ်ခြံမြေအရောင်းအဝယ်သွက်တယ် ။
ဒါက အေးစက်ကျဆင်းနေတဲ့ မန္တလေး အိမ်ခြံမြေဈေးကွက်အတွက် အရောင်း အဝယ်ပြန်လည်ကောင်းမွန်ဖို့ မျှော်လင့်စရာ အလားအလာကောင်းဖြစ်တယ် ။
မြို့မြေဈေးကွက်ဟာ မကြာခင်အချိန်အတွင်း ပုံမှန်အနေအထား အရောင်း အဝယ်ဖြစ်လာလိမ့်မယ်လို့ မြို့ခံဝါရင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် အချို့က ခန့်မှန်းပြောဆိုပါတယ် ။
ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ‘အရောင်း အ ဝယ်က ဝယ်ရောင်းရင်းနှီးမြှုပ်နှံဖို့အတွက် ဖြစ်တာမဟုတ်ဘူး ၊ နေချင်တဲ့သူ အလုပ်လုပ်ချင်တဲ့သူက ဝယ်တာ ၊ ဆိုလိုတာက ဈေးကွက်သဘောက အရင် လို ဟော့ဟော့ရမ်းရမ်းကြီးမဖြစ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ အရောင်းအ ဝယ်ကောင်းလာမယ်’ လို့ ပြောပါတယ် ။
Credit: The Kumudra