ယခုဘဏ္ဍာနှစ်အ တွင်း မြောက်ဦး ရှေးဟောင်းသု တေသန ဌာနက ရှေးေ ဟာင်းစေ တီ ပုထိုးနှင့် အဆောက်အအုံနှစ် ဆယ်ကျော်ကို ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ငါးရာဖြင့် ပြုပြင်ထိန်းသိမ်းမည် ဖြစ်ေ ကြာင်း သတင်းရရှိသည်။
ဝေသာလီ မြို့ဟောင်းဇုန် တိုင်များ စိုက်ထူခြင်း၊ သျှင်ကြီး တောင်ဘုရား ထိန်း သိမ်းခြင်း၊ ဓညဝတီမြို့ဟောင်းဇုန်တိုင်များစိုက် ထူခြင်း၊ ဘားဘူတောင်ဘုရား သုံး ဆူထိန်းသိမ်းမွမ်းမံခြင်း၊ ဘားဘူ တောင်မြေထိန်းနံရံပြုလုပ်ခြင်း၊ ကွမ်းေ ဈးတံခါး မွမ်းမံထိန်းသိမ်း ခြင်း၊ သျှင်ငယ်တက်ဘုရားတူး ဖော်ထိန်းသိမ်းခြင်း၊ ဖုတ်တော မော်စေတီ ရေကြောင်းကို ထိန်း သိမ်းခြင်း၊ ဖုတ်တောမော်စေ တီ ကျောက်ရိုးတံတိုင်း ထိန်းသိမ်း ခြင်း၊ ဝင်းမနားကျီဘုရားထိန်း သိမ်းခြင်း၊ အနောက်မြေထဲဘုရား ထိန်းသိမ်းခြင်းနှင့် ငွေတောင် ပေါက်စေတီ ထိန်း သိမ်းခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။
ယင်းနောက် လက်ဆည် ကန်တံခါးပေါက်ရေကျော်ခြင်းကို ကာကွယ်ထိန်း သိမ်းခြင်း၊ ထိပ် တောင်ဓာတ်စေတီ ထိန်းသိမ်း ခြင်း၊ ငွေတောင်ပေါက်ရေ တံခါး ထိန်းသိမ်းခြင်း၊ နိမ္ဗူဇာဘုရားသုံး ဆူကို ထိန်းသိမ်းခြင်း၊ နန်းတော် ရာကုန်းမှ အုတ်ရိုး၊ ကျောက်ရိုး များထင်ရှားစွာ မြင်ရအောင် မြေသားများ ညှိခြင်း၊ မင်္ဂလမာရ် အောင်စေတီမပြိုကျအောင် ယာ ယီထိန်းသိမ်းခြင်း၊ ဇိန မာရ်အောင် စေတီမပြိုကျအောင် ယာယီထိန်း သိမ်းခြင်း၊ ကိုးသောင်းဘုရား မပြို ကျအောင် ယာယီထိန်းသိမ်းခြင်း နှင့် လက်ဝဲပိစိတောင်ဘုရားမွမ်းမံ ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်မည် ဖြစ်ကြောင်း မြောက်ဦးမြို့ ရှေး ဟောင်းသုတေသန ဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြောက်ဦးမြို့ လက်ဆည်ကန်တံ တိုင်းသည် ရေလျှံခဲ့သဖြင့် ယာယီ ထိန်းသိမ်းမှုများ ဆောင် ရွက်ခဲ့ ကြောင်း မြောက်ဦးရှေးဟောင်းသု တေသနဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။
ပြုပြင်ထိန်းသိမ်းမွမ်းမံရာ တွင်လည်း ရှေးဟောင်းလက်ရာ မပျက်အောင် ယူနက်စကို စံချိန်စံ ညွှန်းနှင့်အညီ ပြုလုပ်မည် ဖြစ်ပြီး ဆောက်လုပ်ရေးပိုင်း ကို တင်ဒါ ခေါ်ယူမည်ဖြစ်ကာ ကျန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို ဌာနက တာဝန်ယူ လုပ်ဆောင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
Credit: 7DayDaily